Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိခင်ဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နေကြသည့်အဖွဲ့အစည်းအားလုံးနှင့်လက်တွဲဆောင်ရွက်သွားမည်ဟု NUCCနှင့်NUG ပညာရေးပူးတွဲကြေညာ

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက််ထုတ်ပြန်ခြင်းဖြစ်သည်။

မိခင်ဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ် ဆောင်နေကြသည့်အဖွဲ့အစည်းအားလုံးနှင့်လက်တွဲဆောင် ရွက်သွားမည်ဟုNUCCနှင့်NUGပညာရေးပူးတွဲကြေညာ
မိခင်ဘာသာစကားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ် ဆောင်နေကြသည့်အဖွဲ့အစည်းအားလုံးနှင့်လက်တွဲဆောင် ရွက်သွားမည်ဟုNUCCနှင့်NUGပညာရေးပူးတွဲကြေညာ

မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြသည့်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု NUCC နှင့် NUG ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲကြေညာချက််ထုတ်ပြန်ခြင်းဖြစ်သည်။

မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တိုင်းရင်းသား ပညာရေးဌာနများနှင့် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ MTB-MLE ကျွမ်းကျင် ပညာရှင်များ၊ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ MTB-MLE ဖွံဖြိုးရေး လုပ်ဆောင်နေသော ပြည်တွင်းပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs၊ NGOs)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs)၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ (Faith Based Organizations)၊ နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ (Inter-Governmental Agencies) အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရရာ တိုင်းရင်းသား ဘာသာစကားများ ဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးခွင့်ကို လျစ်လျူရှုခံခဲ့ရပြီး မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှု ကို ကိုယ်စားပြုသော စာပေများ၊ သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့် မရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

သို့သော် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် (အစိတ်အပိုင်း ၁) (Federal Democracy Charter – Part 1) လူမှုရေးဆိုင်ရာ အခွင့်အရေး ပုဒ်မ (၃၈)၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး ပုဒ်မ (၄၃) အရ တိုင်ရင်း သားဘာသာစကား၊ မိခင်ဘာသာစကားသင်ကြားရေး ကိစ္စရပ်များအား အာမခံချက်ကို အတိ အလင်း ဖော်ပြထားပြီးဖြစ်ရာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ပညာရေး ဥပဒေ ဆိုင်ရာ အစပျိုးခြင်း ဖြစ်ကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒ (မူကြမ်း) (Federal Democracy Education Policy – Draft) အရ ဖက်ဒရယ်ယူနစ်များသည် အဓိကပညာရေး ဝန်ဆောင်မှု ဖော်ဆောင်သော အစိုးရများ ဖြစ်လာမည်ဖြစ်ရာ တိုင်းရင်းသားများအားလုံး ကိုယ်စားပြု ပါဝင်သော မိခင်ဘာသာ စကား အခြေပြု၊ ဘာသာစကားစုံ ပညာရေးစနစ်တို့ကိုလည်း ဒေသအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ကြမည်ဟု ဆိုသည်။

အထက်ပါမူကြမ်းတွင် ဘာသာစကားဆိုင်ရာ လူ့အခွင့်အရေး (Linguistic Human Rights) နှင့်အတူ မသန်စွမ်းများတွက် လက်သင်္ကေတပြ ဘာသာစကား (Sign Language) ကိုလည်း အသိအမှတ်ပြု အားပေး မြှင့်တင်ခွင့်များ ရရှိမည်ဟု ဆက်လက်ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကြားကာလတွင် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရန် မိခင်ဘာသာစကားအခြေပြု ပညာသင်ကြားရေးစနစ်များကို လေ့လာ ဖော်ထုတ်ခြင်း၊ သုတေသနပြုစုခြင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒေသ အလိုက်မူဝါဒဖွံ့ဖြိုးမှု လုပ်ငန်းများကို အားပေးထောက်ခံကာ အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ကြောင်း ကတိပြုသည်။

Facebook

You May Also Like

သတင်း

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

သတင်း

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။