Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ
ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ​ကြေညာ

ဒေါ်လာလေးသန်းတန် မိုးကုတ်ရှိ ကျောက်မျက်တူးဖော်ရေးတွင်းတစ်ခုကို လုပ်ငန်းရှင်တစ်ဦးကဝယ်ယူသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျောက်မျက်ရောင်းချရေးဖြစ်သည့် Early Partnership Programက ယနေ့ ထုတ်ပြန်ကြေညာသည်။

လုပ်ငန်းရှင် ဝယ်ယူသွားသော​ကျောက်မျက်တွင်းမှာ မိုးကုတ်မြို့ရှိ ကင်း-၂ အမည်ဖြင့် ကျောက်မျက်တူးဖော်ရေးတွင်း နံပတ် -၁၇ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်း ၄၅ခုကို ရောင်းချနေခြင်းဖြစ်သည်။

ယခု ကင်း-၂ ကျောက်မျက်တွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခွင့်ရရှိခဲ့ပြီး ကျန် ၄၄ တွင်းအတွက်လည်း ဝယ်ယူရန် ကမ်းလှမ်းမှုအမြောက်အမြားရှိနေသည်ဟု NUGက ဆိုသည်။ ထိုကျောက်မျက်တွင်း ၄၅ တွင်းစုစု​ပေါင်းမှာ ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး ၎င်းတို့ကို ဒေါ်လာ ၁၄၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။

မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့က​ပြောသည်။

ယခုရောင်းထွက်ခဲ့သည့် ကျောက်မျက်တွင်းသည် အပြာရောင်နီလာ၊ ပတ္တမြား၊ မြ၊ သလင်းကျောက် စသည့် အဖိုးတန် ကျောက်မျက်များထွက်ရှိသည် နေရာဖြစ်သည်ဟု NUG၊ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာက အသိ​ပေးထားသည်။

ထိုလုပ်ကွက်သည် မြေဧက ၃၀ခန့်ကျယ်ဝန်းပြီး ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၄ သန်းရှိသည်။ ၎င်းလုပ်ကွက်ကို ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့်ရောင်းချမည်ဖြစ်ပြီးတော်လှန်ရေးကာလအတွင်း ဒေါ်လာ ၄၈၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။

Facebook

You May Also Like

ဆောင်းပါး

"ပိုပြီးလက်တွေ့ပိုဆန်လာမယ်။မြို့ပြတိုက်ပွဲတွေ က ပိုမြိုင်လာမယ်လို့ပဲ အကြမ်းဖျင်းယူဆပါတယ်။စခ ၊ရခ (စစ်သား၊ရဲ)လက်ထဲကထက်စာရင် အုပ်ကြီး ၊ရာအိမ်မှူးလက်ထဲကသေနတ်က ပိုပြီးယူလို့အဆင်ပြေမယ်လို့ယူဆပါတယ်။တဖက်ကနေတွေးရင်တော့ မစ်ရှင်လုပ်တဲ့အခါ အထိအခိုက်အကျအဆုံးများလာနိုင်ပါတယ်။အရင်လောက် လုပ်ရတာ မလွတ်လပ်တော့ဘူးပေါ့" — စ​နေ (ရန်ကုန်မြို့ရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်​သော MUPDF(Myanmar Underground People Defense Force) အဖွဲ့တာဝန်ခံ)

သတင်း

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

သတင်း

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း

ဖေဖော်ဝါရီ ၁၀ ရက်မှာ ဝန်ကြီးချုပ် အန်ဝါက အာဆီယံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ထည့်သွင်းပြီး သဘောထား မှတ်ချက် ပေးသွားခဲ့ပါတယ်။