Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ် တင့်ကားဖြင့် ရမ်းပစ်၍ သက်ကြီးရွယ်အိုအပါအဝင် လေးဦးဒဏ်ရာရ

ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးယူရွာမ မှ နေအိမ် တစ်လုံးနှင့် ကျော်ရွာမှ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြထားသည်။

ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ
ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ အရပ်သားပြည်သူ လေးဦး ဒဏ်ရာရခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၁ရက် နံနက် ၁၁နာရီခန့်တွင် အင်းတော်မြို့ တောင်ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျော်ရွာမှ အသက် (၇၈)အဖွားအို တစ်ဦး၊အသက်(၂၄) နှစ်အရွယ်နှင့် ၊(၃၀)အရွယ် အမျိုးသား နှစ်ဦး၊ မိုးယူရွာမမှ အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ
ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ

“(၇၈)နှစ်အရွယ်အဖွားကတော့ ခြေထောက်ထိတာ။ အမျိုးသား နှစ်ယောက်ကကျတော့ ခေါင်းရယ်ကျောရယ်ထိတား နောက်ထပ်အသက် ၄၀အရွယ် အမျိုးသမီးကတော့ သူက များတယ်။လယ်ပင်းတွေရော ခေါင်းတွေရော တဲ့။ အဲဒါ နှာခေါင်းထဲကတောင် သွေးတွေ လျှံကျခဲ့တာလို့ ပြောတယ်” ဟု အင်းတော်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်သည်ဟုဆိုသည်။

ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ
ဒဏ်ရာရရှိသူအမျိုးသမီးနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ- CJ

“သူတို့က တင့်ကားနဲ့ နှစ်လုံးပစ်တာကျတော့ လက်နက်ကြီး စမ်းကြည့်တာတဲ့။ ကျန်တဲ့ဟာတွေလည်း သူတို့ ဒီအတိုင်း ရမ်းပစ်တာပဲ။ ဘာတိုက်ပွဲမှာမရှိဘူး အဲဒီဘက်မှာ”ဟု အင်းတော်ဒေသခံက ပြောသည်။

ယခင်ကလည်း စစ်ကောင်စီတပ်က အင်းတော် မြို့နယ်အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များ ဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်။

ယနေ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးယူရွာမ မှ နေအိမ် တစ်လုံးနှင့် ကျော်ရွာမှ နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြထားသည်။

Facebook

You May Also Like

သတင်း

ကလေးမြို့တွင်း စစ်ရေးအရှိန်မြင့်တက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီခန်းများနှင့် နေရာများ အနီးကို သွားလာခြင်းမပြုရန်နှင့် အဝေးမှရှောင်ရှားသွားကြရန် PDF(ကလေး)က တာဝန်ရှိသူကသတိ​ပေးထားသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၂ဝ ရက်)ည ၇ နာရီခန့်က ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပတ်ထွက်ချိန် ဒေသတွင်း PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၁၈ရက်ညပိုင်းက တပ်မဟာ(၃)၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်က ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့သည်။