Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PTTEP နှင့် PTTအမှတ်တံဆိပ် ထုတ်ကုန်များဆန့်ကျင်သပိတ်မှောက်ရန် လောင်းလုံးလူငယ်များလှုံ့ဆော်

လူငယ်များက ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများအပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်။

ဓာတ်ပုံ - DDMSC
ဓာတ်ပုံ - DDMSC

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စျေးတစ်ခုတွင် ယနေ့ (ဖေဖော်ဝါရီ ၂၃) နံနက်ပိုင်း၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ လူထုအား စစ်တပ်၏ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်သည့် ထိုင်းကုမ္ပဏီ PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည်။

လူငယ်များက ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများအပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်။

ထို့အပြင် ဈေးသူ၊သားအား DDMSC မှ ထုတ်ဝေသည့် စည်းရုံးရေးစာစဉ်များ ဖြန့်ဝေပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကြီးများဖြစ်ကြသည့် ရတနာသဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၂၅.၅% ၊ ရဲတံခွန်စီမံကိန်းတွင် ၁၉.၃၂% နှင့် ဇောတိကစီမံကိန်းတွင် ၈၀% ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း DDMSC က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - DDMSC
ဓာတ်ပုံ – DDMSC

DDMSC အဖွဲ့အနေဖြင့် သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း လှုပ်ရှားဆောင်ရွက်လျှက်ရှိသည့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စစ်အုပ်စု၏ အခြေခံစီးပွားရေး အရင်းအမြစ်နှင့် ထောက်တိုင်များဖြိုချရေးအတွက် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

You May Also Like

သတင်း

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team - DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

သတင်း

M3 လုပ်ကွက်တွင်ထိုင်းကုမ္ပဏီက ရှယ်ယာ ၈၀ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ Mitsui Oil Exploration ကုမ္ပဏီက ရှယ်ယာ ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

သတင်း

တရားဥပဒေစိုးမိုးမရှိချိန်တွင် စစ်ကောင်စီနှင့်အပေါင်းအပါများက လယ်မြေများကို မြေကွက် ဖို့ကာ အကွက်ရောင်းချနေမှုများ လောင်းလုံးမြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသော ကြောင့် ယခုလို့ တားမြစ်ရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရဲစခန်းဝင်ပေါက်နှင့် ဆိုင်းပုဒ်များကိုပါ ဆေးဖြူ များသုပ်သွားသည့်အပြင် ကင်းတဲ၊ ဘန်ကာများဖျက်ဆီးထားခဲ့ကြောင်းလည်း သိရသည်။