Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် တိုက်ပွဲမဖြစ်​ဘဲ စစ်အုပ်စုလက်နက်ကြီးပစ်ခတ်၍ အဘွားအိုတစ်ဦးနှင့်လူငယ်တစ်ဦး ဒဏ်ရာရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ် ၍ အသက်(၆၀)ကျော် အဘွားအိုနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ် ကွေ့ဈေးတန်း၌ အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်း ကျေးရွာက ပျူစောထီးများသည် တိုက်ပွဲမဖြစ်ဘဲ (၆၀) မမ လက်နက်ကြီးဖြင့်လည်းကောင်း၊လက်နက်ငယ် များဖြင့် မိနစ်၃၀ကြာသည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
လက်နက်ကြီးထိမှန်ခဲ့သော အဘွားအိုနှင့် လက်နက်ငယ်ကျည်ထိခဲ့သော လူငယ်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

ထိုသို့ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာ အတွင်း (၆၀)မမ သုံးလုံးကျ၍ တစ်လုံးပေါက်ကွဲကာ အသက်(၆၀)ကျော် အဘွားအိုတစ်ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း၊ ထို့အပြင် အသက်(၃၀) ဝန်းကျင် အမျိုးသားတစ်ဦးလည်း ပေါင်ကျည်ထိမှန်ခဲ့ပြီး နှစ်ဦးလုံး ဆေးကုသမှုခံယူနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

အင်းပတ်ကျေးရွာသည် ရွာသစ်ကုန်းပျူစောထီးခြံနှင့်ပေ ၁၅၀၀ခန့်အကွာတွင်ရှိပြီး စစ်ကောင်စီတပ်နှင့်ပျူများ၏ လေးကြိမ်တိုင်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၂၁၈လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ပျူရွာနှင့် နီးသည့်အတွက်လည်း အကြိမ် ၂၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက်တော့ အင်းပတ်ကွေ့က စကစတွေ အင်တိုင်းလေးတောင်ရွာကို ဖြတ်ပြီး ကားဆိပ် ကျေးရွာဘက်ကို ဦးတည်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် တောင်ခြမ်းရှိ လက်ပံလှကျေးရွာအား နေအိမ်၂၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက်၇၀နှစ်အရွယ်သီလရှင်တစ်ပါးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ကျဆုံးရဲဘော်နှင့် ပြည်သူစုစုပေါင်း ၂၅၀နီးပါး ရှိလာပြီဖြစ်ပြီး ဒေသခံတစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ကော်ဘရာစစ်ကြောင်းဘက်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်း

ယနေ့ ကာလသည် စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြခြင်းဖြစ်၍ ကရင်တပ်ဖွဲ့များအကြား အချင်းချင်း တိုက်ခိုက်နေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ ဖြစ်နေခြင်းအပေါ် အထူးစိတ်မချမ်းမြေ ဖြစ်ရကြောင်း IKOက ဆိုသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၁)နံနက် ၅ နာရီကျော်တွင် ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂၊ တပ်ခွဲ ၄၊ တပ်စု ၃ မှ တော်လှန် ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း PDF တပ်ဖွဲ့များနှင့် နီးစပ်သည့်ဒေသခံသတင်းရင်းမြစ်ကပြောသည်။