Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရုတ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)
(နိုင်ငံခြား​ရေးဝန်ကြီး နှစ်ဦး။ဓါတ်ပုံ-File Photo)

▪︎အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ်အစိုးရက အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်းအင်ဒို​ပြော

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကူညီ ဖြေရှင်းနိုင်ရေး ပူးပေါင်း လုပ်ဆောင်ကြဖို့ တရုတ်နဲ့အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးတွေက ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားဟာ မြန်မာ့ ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ် ဖြေရှင်းဖို့ လိုလားကြောင်း သဘောထားမျိုးတွေ ပြသထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော်ကို ရောက်ရှိလာချိန်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးခဲ့ကြတတယ်လို့ဆိုပါတယ်။

ချင်ရဲ့ ခရီးစဉ်ဟာ အာဆီယံ နိုင်ငံတချို့နဲ့ တရုတ်တို့ကြား တောင်တရုတ်ပင်လယ် ရေပိုင်နက်ဆိုင်ရာ အငြင်းအခုံ ကိစ္စတွေအတွက် ညှိနှိုင်းဖို့ အဓိက ရည်ရွယ်ထားခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာတော့ အင်ဒိုနီးရှားနဲ့ အာဆီယံတို့ဟာ တောင်တရုတ်ပင်လယ် ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ အခြေအနေမျိုးကို လိုလားကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

ချင်နဲ့ မာဆူဒီတို့ဟာ မြန်မာ့အရေး ဆွေးနွေးခဲ့ကြရာမှာလည်း အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ရပ် ကြေညာချက်ကို တရုတ် အစိုးရက အားပေး ထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း မာဆူဒီက ပြောကြားခဲ့ပါတယ်။ အဲဒီ ဘုံသဘော တူညီချက်တွေကို ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေး အတည်ပြုခဲ့တာပါ။ ဒါပေမဲ့ အလုံးစုံ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းဆီ ဦးတည်တဲ့ အာဆီယံ ဘုံသဘောတူညီမှုတွေကို အာဏာသိမ်း စစ်တပ်က လိုက်နာမှု မရှိသလို ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ဘာတိုးတက်မှုမှလည်း ဖြစ်ပေါ်မလာခဲ့ပါဘူး။

မာဆူဒီကတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို အာဆီယံက ကူညီ ဖြေရှင်းဖို့ ရည်ရွယ်ထားရာမှာအဲဒီဘုံသဘောတူညီချက်တွေဟာ အဓိက ရည်ညွှန်းကိုးကားစရာအဖြစ် ဆက်ရှိနေဆဲလို့ ဆိုပါတယ်။ ပြီးတော့ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့အင်ဒိုနီးရှားဟာမြန်မာ့နိုင်ငံရေးမှာပါဝင်ပတ်သက်သူ အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနိုင်ဖို့ ကြိုးစားမှာဖြစ်

ကြောင်း၊ အဲဒီ အားထုတ်မှုတွေက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စေ့စပ် ဆွေးနွေးမှုတွေ ပေါ်ထွန်းလာရေး ဖြစ်နိုင်ခြေ တစ်ခုတည်းကို ဦးတည်ရည်ရွယ်မှာ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ချင်ဟာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူပြီး ၂ လအကြာမှာ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား-ရိုက်တာ

You May Also Like

ဗီဒီယို

ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက်ရှာဖွေနေချိန် ဖေဖော်ဝါရီ ၂၃ ရက်မှာ နောက်ထပ် မြေပြိုမှု ထပ်ဖြစ်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

ဗီဒီယို

အမေရိကန်က အဲဒီ မိုးပျံပူဖောင်းဟာ တရုတ်ရဲ့ ထောက်လှမ်းရေး ကိရိယာ တစ်ခုလို့ စွပ်စွဲထားပြီး ပင်လယ်ထဲ ပျက်ကျသွားတဲ့ အစိတ်အပိုင်းတွေကို လိုက်လံ ရှာဖွေ ဆယ်ယူခဲ့သလို စွပ်စွဲချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

နိုင်ငံတကာ

တရုတ် အစိုးရရဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး မူဝါဒသစ် စာတမ်းကို ထုတ်ပြန်ချိန် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်က အခုလို ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။