Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာပြည်သူများကြုံနေရတဲ့အခက်အခဲများစာနာဖို့ အိမ်နီးချင်းနိုင်ငံများကို ယာယီသမ္မတ တောင်းဆို

အိမ်နီးချင်းနိုင်ငံများအနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူလူထုများ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုများကို စာနာပြီး ရပ်တည်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်အထူးကိုယ်စားလှယ်က မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လာရောက်တွေ့ဆုံမှုနဲ့ပတ်သက်လို့ ယာယီသမ္မတက အခုလိုတိုက်တွန်းခဲ့တာပါ။ NUG အစိုးရကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

▪︎PDF နဲ့ PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ Principles of Humanity အဖွဲ့ရဲ့ ပူးပါင်းပံ့ပိုးကူညီမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာကစလို့ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးနေတာပါ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်စီးဆင်းမှုအောက်ရှိ တိုက်ပွဲဝင်ရဲဘော်၊ ရဲမေများအနေနဲ့လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနဲ့ စံချိန် စံညွှန်းများအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေဖို့ အဲဒီသင်တန််းတွေကို စီစဥ်ပြုလုပ်ပေးတာလို့ NUG ကာကွယ်ရေးက ဆိုပါတယ်။

PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး
PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

▪︎ဖယ်ခုံတိုက်ပွဲ ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်သား ကိုးဦးသေ

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ မနေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်၊ ပအိုပ်အမျိုးသားတပ်မတော်(PNA)တို့ ဖယ်ခုံမြို့နယ် ပြည်လုံးရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ M16 (၃)လက်၊ AK(၁)လက်၊ 9MM(၄)လက်နဲ့ ကျည်များသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီတပ်က အသိပေးပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ်သည် တစ်ဦးကျဆုံးကာ အချို့ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)
ပအိုပ်အမျိုးသားတပ်မတော်(PNA)မှ ကျန်ရှိသည့် အသုံးအဆောင်အချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ – ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)

▪︎ဒီးမော့ဆိုမှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ အလယ်ပိုင်းတိုင်း ဒီးမော့ဆို (၁၁၀၂)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်(၃၁)နှစ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသွားတဲ့အမျိုးသမီးရဲ့ ခင်ပွန်းအသက်(၃၅)နှစ် အမျိုးသားမှာ ဘယ်လက်ကျိုးဒဏ်ရာ နဲ့ အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - DMO
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သွေးကွက်များအား တွေ့ရစဥ်၊ ဓာတ်ပုံ – DMO

▪︎ထီးလင်းတိုက်ပွဲ ရန်သူသုံးဦး​သေ၊ လက်နက်တစ်လက်နဲ့ကျည်များရရှိ

မကွေးတိုင်း၊ ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး သေနတ်နဲ့ ခဲယမ်းများရရှိတယ်လို့ PDF ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ စစ်ကောင်စီတပ်သားများဟာ ​ဖေ​ဖော်ဝါရီ ၂၆ ရက်က ပတ်ကင်း ထွက်လာစဥ် ကျင်းအရှေ့ပုံတောင်နတ်ထိပ်မှာ ဂန့်ဂေါခရိုင် အမှတ် ( ၂ ၊၄ ၊၁၀)တပ်ရင်းများနဲ့ ထိပ်တိုက် အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး MA 1 တစ်လက်၊ ကျည်ဘောက် ၃ ခု ၊ ကျည်တောင့် ၈၀၊ ခါးပတ်အီကွက်မန့်တစ်ခုကို သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)
(ထီးလင်းPDF သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-PDF-ထီးလင်း)

▪︎ရေစကြိုမြို့ စစ်ကောင်စီရဲ့စုပေါင်းရုံးကို MBT တပ်ဖွဲ့ဝင်တိုက်

မကွေးတိုင်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ စုပေါင်းရုံးဝင်းအတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBTတပ်ဖွဲ့က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ရေစကြိုမြို့ အမှတ် (၂) စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပုခုံးထမ်းလောင်ချာ၊ (၄၀) မမနဲ့ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားလေးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ရေစကြိုဆေးရုံမှာ အသက်လုကုသမှုခံယူနေရတယ်လို့ အတွင်းသတင်းရင်းမြစ်ထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

▪︎မတ္တရာနယ်မှာ စစ်ကောင်စီစစ်ကြောင်း ပဒေသာမိုင်းထိပြီး လေးဦးသေဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ လေးဦး နေရာမှာ သေဆုံးခဲ့တယ်လို့ ဒုဌဝတီတော်လှန်ရေးအင်အားစု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာမှာ စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးနေရာမှာ သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ အတည်ပြုပါတယ်။

▪︎ကသာနယ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာလို့ လေကြောင်းမှ ဗုံးကြဲ

စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရပြီးနောက် ညပိုင်းမှာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ညောင်ခြေထောက်ရွာနဲ့ ကိုးမိုင်ခန့်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က သေဆုံးတဲ့ အလောင်းတွေကို ဒီမနက်အထိ အလောင်းလာမကောက်နိုင်သေးဘူးလို့ ဆိုပါတယ်။ အထိနာတဲ့ စစ်တပ်ဟာ ညပိုင်းမှာတော့ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ဗုံးနှစ်လုံးကြဲသွားပေမယ့် ဒေသခံများနဲ့ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိဘူးလို့ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Facebook

You May Also Like