Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွစ်ဇာလန်ကုမ္ပဏီ Nestle မြန်မာပြည်ကထွက်ခွာမည်

လက်ရှိ စီးပွားရေးအခြေအနေကြောင့်စီးပွားရေးအချက်အချာကျသောရန်ကုန်ရှိစက်ရုံနှင့် ရုံးချုပ်တို့တွင်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

ဆွစ်ဇာလန်ကုမ္ပဏီ Nestle မြန်မာပြည်ကထွက်ခွာမည်
ဆွစ်ဇာလန်ကုမ္ပဏီ Nestle မြန်မာပြည်ကထွက်ခွာမည်

ဆွစ်ဇာလန် အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ Nestle သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းပြီးနိုင်ငံအတွင်းမှာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ကကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်သည်။

လက်ရှိ စီးပွားရေးအခြေအနေကြောင့်စီးပွားရေးအချက်အချာကျသောရန်ကုန်ရှိစက်ရုံနှင့် ရုံးချုပ်တို့တွင်လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

Nestle သည် မြန်မာနိုင်ငံတွင် Nescafe အသင့်ဖျော်ကော်ဖီ၊ Maggi ခေါက်ဆွဲနှင့် Milo ချောကလက်မဲလ်ဖျော်ရည်များကို ထုတ်လုပ်ရောင်းချနေခြင်းဖြစ်သည်။

မည်သည့်အချိန်တွင်ထွက်ခွာမည်ဖြစ်ကြောင်းကိုမူ ၎င်းကထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင်ထုတ်လုပ်မှုရပ်ဆိုင်းခဲ့သော်လည်းထိုင်း၊မလေးရှားနှင့်ဖိလစ်ပိုင်နိုင်ငံတို့မှထုတ်လုပ်သည့် Nestle ထုတ်ကုန်များကို မြန်မာကုမ္ပဏီတစ်ခုက ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ဆွစ်ဇာလန်ကုမ္ပဏီ Nestle မြန်မာပြည်ကထွက်ခွာမည်
ဆွစ်ဇာလန်ကုမ္ပဏီ Nestle မြန်မာပြည်ကထွက်ခွာမည်

“ဒီဆုံးဖြတ်ချက်ကြောင့်ထိခိုက်တဲ့လူတိုင်းကိုကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ စွမ်းဆောင်သွားမှာပါ” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက​ပြောသည်။ သို့သော်လည်း ဝန်ထမ်းအရေအတွက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။

နိုင်ငံတော်အာဏာကိုစစ်တပ်ကအဓမ္မသိမ်းယူပြီးနောက် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားကုမ္ပဏီများဆက်တိုက်ထွက်ခွာနေသည်။

ထိုသို့နိုင်ငံခြားကုမ္ပဏီများထွက်ခွာသွားခြင်းမှာဆယ်စုနှစ် တစ်စုစာပြုပြင်ပြောင်းလဲခဲ့သည့်ဒီမိုကရေစီပြောင်းလဲမှုများပြန်လည်ဆုံးရှုံးသွားခြင်းဖြစ်သည်ဟုစီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုမှဒါရိုက်တာတစ်ဦးကပြောသည်။

“စစ်ဗိုလ်ချုပ်တွေရဲ့ အတ္တကြောင့်ဖြစ်လာတဲ့နိုင်ငံရေးအကြပ်အတည်းကြောင့် တိုင်းပြည်လည်း ထိခိုက်နစ်နာမှုတွေအရမ်းများနေပါပြီ။ ဒီလိုဖြစ်ရပ်တွေက တိုင်းပြည်အတွက် ပြန်လည်ကုစားဖို့အချိန်တော်တော်ယူရဦးမှာ”ဟု ၎င်းကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေး တယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်​ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှထွက်ခွာခဲ့သည်။

Facebook

You May Also Like

သတင်း

မြန်မာပြည်ကို ပြန်ချင်နေပေမယ့် မိသားစုဝင်တွေအားလုံး ထိုင်းမှာရှိနေတဲ့အတွက် သမီးဖြစ်သူက ပြန်ခွင့်မပေးခဲ့တာလို့ ဘန်ကောက်ပို့စ်ကဆိုထားပါတယ်။

သတင်း

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊

သတင်း

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ​ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်း​​ရောင်ူချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။