Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်နှစ်ရက်ဆက် တိုက်ခိုက်

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ​စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ​ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်းသေဆုံးကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်က မတ္တရာမြို့နယ် မြွေတလိုင်းရွာနှင့် မြွေဟင်္သာကျေးရွာတို့ကို မွှေနှောက်ဖျက်ဆီးပြီးနောက် ပြန်ထွက်လာသည့် အင်းအား ၃၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးငါးလုံးချ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force အဖွဲ့ တာဝန်ခံက ပြောသည်။

“ ခြေလျင်စစ်ကြောင်းထိပြီး သစ်ပင်အောက်မှာ စုပြီး ဆေးကုနေတဲ့အုပ်ထဲကို ထပ်ကျခဲ့လို့ ခုနစ် ကောင်အထိ သေဆုံးခဲ့ပြီး ခုနစ်ကောင်ဒဏ်ရာပြင်းတယ်လို့ တိကျတဲ့ သတင်းအရင်းအမြစ်အရ သိရပါတယ်။ စုစုပေါင်း ၁၅ ယောက်ပဲ ပြန်သွားနိုင်တယ်လို့ အတိအကျသိရပါတယ်။” ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထို့နောက် ည ၁၁နာရီခန့်တွင် ဖောကားနှစ်စီးဖြင့် ထိခိုက်သေဆုံးသူများအား လာရောက်တင်ဆောင်သွားသည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတစ်ဦးထိခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အောက်တောင်ကိုင်းရွာသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းနေထိုင်နေသည်ဟု သတင်းရထားပြီး ထိခိုက်မှုတစ်စုံတရာရှိလာပါက တာဝန်ယူမည်မဟုတ်ကြောင်း Unicorn Guerrilla Force အဖွဲ့က သတိပေးသည်။

မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် စစ်ကြောင်းထိုးရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးနေရာတွင်သေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒုဌဝတီတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

သတင်း

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်း

ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။