Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်အသတ်ခံရမှုတွင် မြို့ခံ ၁၄ဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

(မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး ပထမအကြိမ် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံ၌ ကုသမှုခံယူနေစဉ်။ ဓာတ်ပုံ - CJ)
(မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး ပထမအကြိမ် ပစ်ခတ်ခံရမှုကြောင့် ဆေးရုံ၌ ကုသမှုခံယူနေစဉ်။ ဓာတ်ပုံ - CJ)

▪️အမှုနှင့် မသက်ဆိုင်သူများဖမ်းဆီးပြီး ငွေညှစ်ချင်၍ဟု ဒေသခံများပြော

မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦး အသတ်ခံရပြီးနောက် အဆိုပါအမှုနှင့် မပတ်သက်သော မြို့ခံအမျိုးသား ၁၄ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

“ ကျော်တင့်ဦးကို သတ်တာလို့ ပေါ်တင်ထုတ်ပြန်ထားတဲ့အဖွဲ့လည်းရှိတယ်။ အခုက ဘာမှမဆိုင်တဲ့ ‌မြို့ခံတွေကို ခွေးတပ်က လိုက်ဖမ်းနေတယ်” ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။

ကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ (၁၂) ရပ်ကွက်ရှိ Happy လက်ဖက်ရည်ဆိုင်၌ ထိုင်နေစဉ် ဖေဖော်ဝါရီ ၂၄ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

စစ်ကောင်စီသတင်းပေး ကျော်တင့်ဦးကို ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဧရာဝတီလင်းပိုင်အဖွဲ့(မော်ကျွန်း) က ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

သို့သော် ဖေဖော်ဝါရီ ၂၅ ရက်တွင်မော်လမြိုင်ကျွန်းမြို့ အမှတ် (၁၂)ရပ်ကွက်နှင့်အမှတ် (၉)ရပ်ကွက်ကို စစ်‌ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်မွှေပြီး ဒေသခံ ၁၄ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

“ အဖမ်းခံရတဲ့သူတွေက ငွေကြေးချမ်းသာသူတွေဖြစ်တယ်။ ဒလန်အသတ်ခံရတာကို အကြောင်းပြီး ငွေညှစ်ချင်လို့ ဖမ်းတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလုပ်ရပ်က အရေးမပါဘူး” ဟု မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

မော်လမြိုင်ကျွန်းမြို့တွင် ကျော်တင့်ဦးအပါအဝင်စစ်ကောင်စီသတင်းပေး ခြောက်ဦးကို တော်လှန်ရေးအင်အားစုများက ရှင်းလင်းခဲ့ပြီး ယခင် သတင်းပေးများ အသတ်ခံရစဥ်ကလည်း ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးငွေညှစ်ခဲ့သည်ဟု ‌သိရသည်။

ယခုဖမ်းဆီးခံထားရသူ ၁၄ဦးကို မော်လမြိုင်ကျွန်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ယနေ့ (မတ်လ ၃ရက်)အထိ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း သတင်းရရှိသည်။

ကျော်တင့်ဦးသည် စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့ မဘသ ဥက္ကဌတာဝန်လည်းယူထားသည်။

၎င်းသည် ဖေဖော်ဝါရီ ၂၄ရက်တွင် ပစ်ခတ်ခံရပြီး ပုသိမ်မြို့ရှိ စစ်ဆေးရုံတွင် ကုသနေစဉ် ဖေဖော်ဝါရီလ ၂၇ ရက်က သေဆုံးခဲ့သည်။

ကျော်တင့်ဦး ယခင်ကလည်း သေနတ်ဖြင့် ပစ်ခတ်ခံရဖူးပြီး ယခုထပ်မံ ပစ်ခတ်ခံရခြင်းလည်း ဖြစ်သည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

သတင်း

မတ်လ ၁ရက်တွင် ဝန်ကြီးဦးရည်မွန်က PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့် အစီအစဉ်၌ ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒရုန်းနှစ်စီးဖြင့် ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Forceအဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။