Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သပိတ်ကျင်းတွင် ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်သော ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီအား PDFဝင်ရောက်ပိတ်ပင်တားဆီး

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင်လည်း ကုမ္ပဏီမှ ကားကြီး၊ ကားငယ်များဖြင့် လိုက်လံပို့ဆောင်ပေးကြောင်း အတွင်းသတင်းပေးသူထံမှရရှိသည့်အချက်အလက်များအား ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောပြသည်။

ရွှေတူးဖော်ရေးကုမ္ပဏီအား PDF များဝင်ရောက်တားဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင်(ပကဖ)
ရွှေတူးဖော်ရေးကုမ္ပဏီအား PDF များဝင်ရောက်တားဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင်(ပကဖ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးမျိုးခိုင်ဆိုသူပိုင်ဆိုင်သော ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီအား ဝင်ရောက်စီးနင်းပြီး လုပ်ငန်းဆက်မလုပ်ရန် သတိပေးတားဆီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ကျောက်ဖြူကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာကြားတွင် ရွှေသတ္တုတူးဖော်လုပ်ကိုင်နေသော ဗိုလ်မှူးမျိုးခိုင်၏ ကျော်ဇောသူ ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီအား ယမန်နေ့ (မတ်လ ၁ ရက်) နံနက် ၆နာရီခန့်က အတွင်းသတင်းပေးချက်အရ ဝင်ရောက်ပိတ်ပင်တား​ဆီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီသည် စစ်ကောင်စီ၏ ထောက်တိုင်ကုမ္ပဏီတစ်ခုဖြစ်ရုံသာမကဘဲ ဗိုလ်မှူးမျိုးခိုင်ပိုင်ဆိုင်ပြီး လုပ်ငန်းလည်ပတ်ရန် ဗိုလ်မှူးအောင်ဆန်းဦး(မန်နေဂျာ)နှင့် ဗိုလ်ကြီးမင်းနိုင်(လက်ထောက်မန်နေဂျာ)တို့က ဦးစီးလုပ်ကိုင်နေသည်ဟု သိရကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ရွှေတူးဖော်ရေးကုမ္ပဏီအား PDF များဝင်ရောက်တားဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင်(ပကဖ)
ရွှေတူးဖော်ရေးကုမ္ပဏီအား PDF များဝင်ရောက်တားဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင်(ပကဖ)

ကုမ္ပဏီလုံခြုံရေးအတွက် တစ်လလျှင် တပ်စိတ် တစ်စိတ်ကို ကျပ်သိန်း(၃၀)ပေး၍ ခေါ်ဆောင်ကာ ကင်းစောင့်ခိုင်းကြောင်း၊ ပိုင်ရှင်ဗိုလ်မှူးမျိုးခိုင်နှင့် အပတ်စဉ်တူ ဗိုလ်မှူးများလည်း တစ်လလျှင်နှစ်ခေါက်အနည်းဆုံး လာတတ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင်လည်း ကုမ္ပဏီမှ ကားကြီး၊ ကားငယ်များဖြင့် လိုက်လံပို့ဆောင်ပေးကြောင်း အတွင်းသတင်းပေးသူထံမှရရှိသည့်အချက်အလက်များအား ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးက ပြောပြသည်။

Public Service Announcement
Public Service Announcement

“ သပိတ်ကျင်းထဲမှာ သူ့ကုမ္ပဏီတစ်ခုတည်းရယ်မဟုတ်ဘူး။ လည်ပတ်နေတဲ့ ကုမ္ပဏီတော်တော် များများက အဲပုံစံအတိုင်းသွားနေကြတယ်။ သပိတ်ကျင်းက ကုမ္ပဏီတစ်ခုမှာ ဗိုလ်မှူးတွေ သုံးလေးယောက်လောက်ရှိတယ်။ အဲလိုကုမ္ပဏီတွေကပဲ လည်ပတ်ခွင့်ရနေတယ်။ ကျန်တဲ့ကုမ္ပဏီတွေကျတော့ ဓါတ်ဆီလောင်းတာတို့ အနိုင်ကျင့်ပိတ်သိမ်းခိုင်းတာတို့ အများကြီးကြုံနေရတယ်။” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်သော ကျော်ဇောသူကုမ္ပဏီအား ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)နှင့် Nine PDF တပ်ဖွဲ့တို့ ဝင်ရောက်တားဆီးပိတ်ပင်ရခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးသည်။

ဝင်ရောက်တား​ဆီးချိန်တွင် တာဝန်ရှိသူများမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် လခစားအလုပ်သမားပြည်သူများအား ဗိုလ်မှူးပိုင်ကုမ္ပဏီများ၊ စကစထောက်တိုင်ကုမ္ပဏီများကိုရှောင်ရှား၍ လုပ်ကိုင်ကြရန် မှာကြားခဲ့ပြီး တော်လှန်ရေးကြီး အမြန်ပြီးဆုံးအောင် တတ်နိုင်သည့်ဘက်မှ ပါဝင်တော်လှန်ကြရန် ဟောပြောစည်းရုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်က ပြောသည်။

အခြားကျန်ရှိနေသည့် ဗိုလ်မှူးများပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများကိုလည်းပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင်က သတိ​ပေးသည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောကား (၇) စီး စစ်​ကောင်စီတပ်သားအင်အား (၂၀၀) ခန့်ဖြင့် ကလေးဝဘက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်သို့ ကလေးဝ- မုံရွာ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကုန်တင်ကားများ အမိုးအုပ်လျင် မိုးကာအကြည်ကိုသာ အသုံးပြုရန် နှင့် ခရီးသည်ယာဉ်များ မှန်ချ မောင်းနှင်ရန်လည်း အသိပေးချက်၌ ပါရှိသည်။

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီ ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။