Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာတိုင်ရွာတွင် စစ်တပ်သတ်ဖြတ်ခဲ့သည့် ပြည်သူနှစ်ဦးအလောင်းထပ်တွေ့၊ သတ်ဖြတ်ခံရသူ ၁၇ ဦးထိရှိလာ

ပြည်သူ ၁၇ ဦးကိုသတ်ခဲ့​သော စစ်ကောင်စီတပ်သည်ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများဖြစ်သည်။ မတ်လ ၁ ရက်နေ့ကလည်း ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာသတ်ဖြတ်ခဲ့သည်။

(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)
(စစ်တပ်ကသတ်ဖြတ်ခဲ့​သော တာတိုင်ရွာမှပြည်သူအချို့၏ ရုပ်အ​လောင်းအချို့ကို မတ်လ ၃ ရက်ကသယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ)

▪︎​ကျေးရွာပကဖ​ခေါင်း​ဆောင်ကိုလည်းစစ်​ကောင်စီတပ်ကရက်စက်စွာသတ်ဖြတ်ခဲ့

စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့​သော ပြည်သူ့ရုပ်အလောင်းနှစ်လောင်း ယနေ့မွန်းလွဲပိုင်းတွင်ထပ်မံတွေ့ရှိခဲ့သဖြင့် အသတ်ခံရ​သောပြည်သူ ၁၇ ဦးအထိရှိလာပြီဖြစ်သည်။

မတ်လ ၁ ရက်နေ့ကစစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ယမန်နေ့က ပြည်သူ၁၅ ဦးအားဖမ်းဆီး​ခေါ်​ဆောင်သွားပြီးလမ်းတွင်သတ်ဖြတ်ခဲ့၍ အဆိုပါ ရုပ်အလောင်းများအား မီးသင်္ဂြိုလ်ရန်ပြင်ဆင်နေစဥ် ယနေ့ (မတ်လ ၃ ရက်နေ့)တွင် ပြည်သူနှစ်ဦး၏ရုပ်အလောင်း ၂ ​လောင်းထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

“ ဒီနေ့အမျိုးသားနှစ်လောင်းထပ်တွေ့တယ်။ မူးမြစ်ဘေးမှာတွေ့တာပါ။ ပြည်သူတွေချည့်ပါပဲ။ ပကဖခေါင်းဆောင်တစ်ဦးကလွဲလို့ ကျန်တာပြည်သူတွေချည့်ပါ။” ဟု PRFKပြည်သူကာကွယ်ရေးအဖွဲ့ သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုတောက်ကြီးက ပြောသည်။

သတ်ဖြတ်ခံရသူများတွင် တစ်မိသားစုတည်းက သတ်ဖြတ်ခံရသူများလည်း ပါဝင်ကြောင်း ဒေသခံများကပြောသည်။

ပြည်သူ ၁၇ ဦးကိုသတ်ခဲ့​သော စစ်ကောင်စီတပ်သည်ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများဖြစ်သည်။ မတ်လ ၁ ရက်နေ့ကလည်း ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာသတ်ဖြတ်ခဲ့သည်။

ထို​နောက်တာတိုင်ရွာမှ ပြည်သူ များကိုဖမ်းဆီးသွား၍ လမ်းတွင်သတ်ဖြတ်ခဲ့သည်။စစ်သားများက ပြည်သူများကိုသတ်ဖြတ်ယုံသာမက အလောင်းများ၌ မိုင်းများဆင်ခဲ့၍ အလောင်းများကောက်ယူသင်္ဂြိုလ်ရန်ပင် အခက်အခဲများတွေ့နေသည်။

ယခုချိန်အထိ့ စာရင်းရရှိသမျှ အသတ်ခံရ​​​သော ပြည်သူ ၁၇ ဦးတွင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁၄ ဦးဖြစ်သည်။

​သတ်ဖြတ်ခံရသူများထဲတွင်ညီအစ်မအရင်းဖြစ်​သော မပန်းနွယ်နှင့် မပန်းသွယ် ၊အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်၊ အသက် ၃၅ နှစ်အရွယ် ကိုထွန်းထွန်းနှင့် ကိုကျော်စိုး၊ အသက် ၄၅ နှစ်အရွယ် ကိုငလင်း၊ အသက် ၄၇ နှစ်အရွယ် ကိုစိုးနိုင် နှင့် အမည်စီစစ်ဆဲပြည်သူ၁၀ ဦးတို့ဖြစ်သည်။

စစ်ကောင်စီတပ်သည် အိမ်ခြေ (၇၈)လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀)အားလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက်အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်ကြောင်း၊ ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့်တစ်လတိတိ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့​သေးသည်။

You May Also Like

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးခုဖြင့် ဖေဖော်ဝါရီရ၂၆ရက်မှစတင်ကာ ဝက်လက်နယ် အနောက်ခြမ်း၊ ရွှေဘိုဘက်နှင့် လှတောကျေးရွာများဘက်မှ စစ်ကြောင်းထိုးနေသည်။

သတင်း

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့်တစ်လတိတိ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

သတင်း

ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောကား (၇) စီး စစ်​ကောင်စီတပ်သားအင်အား (၂၀၀) ခန့်ဖြင့် ကလေးဝဘက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်သို့ ကလေးဝ- မုံရွာ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ဆောင်းပါး

လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကဖြစ်သည်။ရွှေဘိုမြို့နယ်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ထူးကြီးကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။