Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးကို NLD ပါတီထုတ်ပယ်

ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်ကတော့ နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စီစဉ်ပေးမှုနဲ့ သွားတွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါသေးတယ်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

ပါတီရဲ့ မူဝါဒနဲ့ ရပ်တည်ချက်ကိုဆန့်ကျင်ပြီး လူထုဆန္ဒကို မလေးစားလို့ဆိုကာ ဦးဖြိုးမင်းသိန်း ၊ဒေါ်စန္ဒာမင်းအပါအဝင် ၄ ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD က ဒီနေ့ညနေပိုင်းမှာ ကြေညာလိုက်ပါတယ်။

ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရသူတွေဟာ ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်း ၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း ၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ ဖြစ်တယ်လို့ NLD ရဲ့ကြေညာချက်မှာတွေ့ရပါတယ်။

NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း
NLD ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ ဦးဖြိုးမင်းသိန်းနဲ့ ဒေါ်စန္ဒာမင်း

ဒီလိုအရေးယူရတာဟာ ပါတီရဲ့အပတ်စဉ် ပုံမှန်အစည်းအဝေးတွေမှာ တက်ရောက်တဲ့ ဗဟိုကော်မတီဝင်တွေ ၊ တိုင်းနဲ့ ပြည်နယ်အလုပ်အမှုဆောင်တွေ ၊ ဗဟိုရေးရာကော်မတီဝင်တွေက ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန် သက်သေထွက်ဆိုသူတွေနဲ့ ပါတီရဲ့မူဝါဒကို ဆန့်ကျင်နေသူတွေအပေါ်.အရေးယူပေးဖို့ တင်ပြလာတာကြောင့်လည်း ဖြစ်တယ်လို့ NLD ကဆိုထားပါတယ်။

ဦးဖြိုးမင်းသိန်းဟာ စစ်ကောင်စီဘက်ကနေ သက်သေထွက်ဆိုပေးသူဖြစ်ပါတယ်။

ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်ကတော့ နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ စီစဉ်ပေးမှုနဲ့ သွားတွေ့ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါသေးတယ်။

ဒီသတင်းတွေအပေါ် ဒေါ်စန္ဒာမင်းရော ဦးတိုးလွင်ပါ ပြန်လည်ဖြေရှင်းတာမျိုးမတွေ့ရပါဘူး။

You May Also Like

သတင်း

ဦးဖြိုးမင်းသိန်းသည် စစ်ကောင်စီ သက်သေအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားဒေါ်လာခြောက်သိန်းနှင့် ရွှေ ၇ပိဿာ ပေးခဲ့သည်ဟု တရားခွင်၌ ထွက်ဆိုခဲ့သူဖြစ်သည်။

သတင်း

Yangon Petrol အမည်ဖြင့် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက နှစ် ၆၀ ဂရန်များခွင့်ပြု​ပေးခဲ့ရာ စစ်ကောင်စီက ပယ်ဖျက်လိုက်ကြောင်းယနေ့ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

NLD ၏လူ့အခွင့်အရေးချိုးဖေါက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့က ၂၀၂၃ ဇန်နဝါရီ ၅ရက်အထိ ရရှိထားသည့် မှတ်တမ်းများကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

တည်ဆဲဥပဒေများကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားသောစစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည် တရားဝင်မှုမရှိကြောင်း NLD က ဆိုသည်။