Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး

ရွှေဓူဝံ ဆုံးပါးသွားတဲ့အပေါ် အသိမိတ်ဆွေတွေကလည်း လူမှုကွန်ရက်မှာ ဝမ်းနည်းစကားဆိုထားကြပါတယ်။

အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး
အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး

မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ရွှေဓူဝံဟာ ဒီနေ့မနက်ပိုင်း အမြန်လမ်း မှာဖြစ်ပွားတဲ့ ခရီးသည်တင်ကား တိမ်းမှောက်မှုမှာ သေဆုံးသွားတယ်လို့ သုဝဏ္ဏဘုမိရိုးရာလက်ဝှေ့အသင်း(သထုံ)ကအသိပေးပါတယ်။

အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး
အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး

ဒီနေ့မနက်ပိုင်း ၅ နာရီခွဲခန့်က ဒို့ညီနောင် ခရီးသည်တင်ယာဉ်လိုင်းက အဝေးပြေးကားဟာ အမြန်လမ်း မိုင်တိုင် ၁၆၇ မိုင် ၄ဖာလုံ နဲ့ ၁၆၇ မိုင် ၅ဖာလုံ အကြား တိမ်းမှောက်ပြီး အမျိုးသား ၃ ဦးသေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး
အမြန်လမ်း ခရီးသည်တင်ကားတိမ်းမှောက်မှုမှာ လက်ဝှေ့ချန်ပီယံဟောင်း ရွှေဓူဝံဆုံးပါး

သေဆုံးသွားသူ ၃ ဦးထဲမှာ နာမည်ကျော် လက်ဝှေ့ သမား ရွှေဓူဝံလည်း ပါဝင်သွားတာပါ။

ရွှေဓူဝံ ဆုံးပါးသွားတဲ့အပေါ် အသိမိတ်ဆွေတွေကလည်း လူမှုကွန်ရက်မှာ ဝမ်းနည်းစကားဆိုထားကြပါတယ်။

ဒို့ညီနောင်ကားဟာ တောင်ကြီးကနေ မြဝတီကိုပြေးဆွဲတာဖြစ်ပြီး ဒီမနက်ပိုင်းဖြစ်စဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာလို့သိရပါတယ်။

You May Also Like

သတင်း

ဒေသခံ လူမှုကူညီရေးအသင်းများ၏ ဖော်ပြချက်အရ ယင်းတိမ်းမှောက်မှု ဖြစ်စဉ်တွင် အမျိုးသား ၂၁ဦးနှင့် အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သတင်း

တိမ်းမှောက်သွားတဲ့ ဒိုင်နာကားပေါ်မှာ အမျိုးသား ၅ ဦး၊အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၄ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးသွားတာပါ။

သတင်း

ပျောက်ဆုံးနေသည့် ကလေးနှစ်ဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို နေ့လည် ၁၂နာရီခွဲခန့်တွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

သတင်း

အဆိုပါ ထုတ်ပြန်ချက်ကို ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်နှင့် လက်ရှိ စစ်ရေးအခြေ အနေအား မေးမြန်းရန် ခရိုင်အတွင်းရေးမှူးထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။