Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီဒေသသို့ စစ်ကောင်စီတပ်ရင်း ၉ရင်း အင်အားဖြည့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ၍ ပြည်သူများ သတိထားရန် ကရင်နီစစ်ဘက်တာဝန်ရှိသူပြော

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်း ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုယနေ့ မတ်လ ၄ရက်တွင် ထုတ်ပြန်ခဲ့ရာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။

(စစ်ကောင်စီ တပ်သားများ ချင်းပြည်နယ် မင်းတပ်မြို့ ရုံးတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ တပ်သားများ ချင်းပြည်နယ် မင်းတပ်မြို့ ရုံးတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️စစ်ရေးအရှိန်ပိုမြင့်လာနိုင်၍ လက်နက်ကြီး၊လေကြောင်း အန္တရာယ်ကာကွယ်နိုင်ရန် အချက်များ KSCCထုတ်ပြန်

ကရင်နီဒေသသို့ စစ်ကောင်စီ၏ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂)မှတပ်ရင်းတပ်ဖွဲ့များ အင်အားဖြည့်တင်းနေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောကြားသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည်လက်ရှိတွင် တပ်မ တစ်ခုနီးပါးရှိ အင်အားများကို ဒေသတွင်းသို့ ဖြည့်တင်းပြီး ထိုးစစ်ဆင်ရန် ပြင်နေသည်ဟုဆိုသည်။

“ကျနော်တို့ ကြည့်ရတာက အဓိကတော့ သူတို့ အင်အားဖြည့်လာတာပေါ့။ စကခ(၂)က တပ်မ တစ်မလုံးလာတာပေါ့။ တစ်မလုံးဆိုတာ ၁၀ရင်းဆို အကုန်လုံးတော့ မလာဘူး တစ်ရင်းတော့ကျန်မယ်။ သုံးရင်း တစ်ဗျူဟာနဲ့ သူတို့ ဝင်လှုပ်ရှားမယ်လေ။ ဗျူဟာ ၃ခုဆိုတော့ ၉ရင်းလောက်လာမှာပေါ့။ ကျနော်တို့ ကြားတာ မိုးဗြဲရောက်ပြီ နောက် ဆီဆိုင်ရောက်ပြီ။ တချို့လည်း ဒေသကိုရောက်ပြီ”ဟု ခူညေးရယ်က ပြောသည်။

လက်ရှိ စစ်ရေးလှုပ်ရှားမှုများအရ တိုက်ပွဲ ပိုမိုဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

“ဟိုတစ်နေ့က ကျနော်တို့ သိရသလောက်က လွိုင်ကော်မှာ လေယာဉ်နဲ့ ရောက်လာတယ် စကခ(၂)က အဖွဲ့တွေ။ နောက်ပြီး ဟိုပုန်းလမ်းကနေ ထပ်လာမယ်ပြောတယ်။ သိရသလောက် ဆီဆိုင်မှာ ရောက်နှင့်ပြီးသား တချို့ရှိတယ်။ ဟိုတစ်နေ့က မိုးဗြဲကနေ တက်လာတာ စစ်ကား ၄၀လို့ ကြားရတာရှိတယ်”ဟု ခူညေးရယ်က ပြောကြားသည်။

ကရင်နီတပ်ဖွဲ့အနေဖြင့်လည်း စစ်ကောင်စီတပ်ကို ပြောက်ကျားနည်း၊ မိုင်းစစ်ဆင်ရေးအပါအဝင် ခုခံတုံ့ပြန်ရန် ပြင်ဆင်မှုများရှိသည်ဟု ဆိုသည်။

“လူထုတွေသတိနဲ့ နေကြဖို့ နောက်ပြီး သူတို့ကို ကာကွယ်နိုင်ဖို့က ကျနော်တို့လည်း မတက်နိုင်တဲ့အပိုင်းတွေရှိတယ်လေ ဆိုတော့ ဗုံးကျင်းတွေ ဘာတွေ ကောင်းကောင်းမွန်မွန်လုပ်ထားဖို့တော့လိုတာပေါ့။ နောက်ပြီး ဒီလိုထိုးစစ်တွေလာမယ်လို့ သိရရင် ရှောင်တာပဲရှိတာပေါ့”ဟု ခူညေးရယ်က ပြောသည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ကလည်း ကရင်နီပြည်သူလူထု ထံသို့ လုံခြုံရေးဆိုင်ရာ အသိပေး တိုက်တွန်းနိုးဆော်ချက်တစ်ရပ်ကိုယနေ့ မတ်လ ၄ရက်တွင် ထုတ်ပြန်ခဲ့ရာ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရန် အချက်များကို ဖော်ပြခဲ့သည်။

ကရင်နီပြည်နယ်အတွင်း ယခုနှစ်လဆန်းပိုင်းမှစ၍ စစ်ရေးအရှိန်များ မြင့်တက်လာလျက်ရှိကြောင်း၊ အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် အရပ်သား ပြည်သူနေထိုင်ရာ ရွာများ ၊ စစ်ရှောင်စခန်းများအတွင်း နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ဗုံးကြဲခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း KSCCက ထုတ်ပြန်သည်။

စစ်ရေးအရှိန်များလည်း ပိုမြင့်လာနိုင်ဖွယ်ရှိ၍ ပြည်သူလူထုများ လုံခြုံရေး အတွက် အလေးထား လိုက်နာ ဆောင်ရွက်ရန် အချက်များကို KSCCက ပန်ကြားခဲ့ရာ စစ်ရှောင်နေရာ သို့မဟုတ် တောင်စောင်းများတွင် ဗုံးခိုကျင်းများ တူးထားရန် ဖော်ပြထားပြီး ဗုံးခိုကျင်းတူးရာ၌ လုပ်ဆောင်ရမည့်အချက်များကို အသိပေးခဲ့သည်။

သောက်သုံးရေ၊ ရိက္ခာခြောက်၊ ဆေးဝါး ၊ ဓာတ်မီး ၊ မီးခြစ်၊ ဓား၊ ဖုန်း ၊ ပါဝါဘန့်၊ အဝတ်အထည်၊ စောင်များ အရေးကြီးသော စာရွက်စာတမ်းများကို တစ်ပါတည်း ပြင်ဆင်ထားရနလည်း အသိပေးထားသည်။

သက်ဆိုင်ရာအဖွဲ့များ၏ အရေးပေါ် ထုတ်ပြန်ချက်၊ သတိပေးချက်များကို အထူးဂရုပြုလိုက်နာရန်၊ တိုက်လေယာဉ်များ၏ အသံကို ကြားပါက သို့မဟုတ် တွေ့ရှိပါက ဗုံးခိုကျင်းများအတွင်းသို့ အမြန်ဆုံးပုံးရှောင်ရန် ထုတ်ပြန်သည်။

အကာအကွယ်မဲ့သည့် မြင်ကွင်းထင်ရှားသည့် နေရာများသို့ ထွက်ကြည့်ခြင်းများ ရှောင်ကြဉ်ရန်၊ တိုက်ပွဲများ ဖြစ်နေသည့် ကာလအတွင်းမလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများ မပြုရန် နှင့် ဘေးကင်းလုံခြုံရာနေရာများသို့ လုံခြုံရေး သတိဖြင့်ရွှေပြောင်းနေထိုင်ကြရန် KSCCက အသိပေးထားသည်။

နီးစပ်ရာရွာများ၊ ရပ်ကွက်များ၊ မြို့နယ်များ အတွင်း ပိတ်မိနေသူများကို တွေ့ရှိပါက လူသားချင်း စာနာမှုဖြင့် အရေးပေါ် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အသင်းအဖွဲ့များသို့ ချက်ချင်း ဆက်သွယ် အသိပေးရန်လည်း တိုက်တွန်းထားသည်။

You May Also Like

သတင်း

မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ရာ သုံးဦး အနက် နှစ်ဦးလဲကျသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

"မြို့ပေါ်မှာ နေ့ခင်းမြင်မြင်ထင်ထင်ကြီးကို ရှို့တာ ။ တနေ့က သူတို့အပစ်ခံရလို့ ရှို့တာဖြစ်မယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

လတ်တလောတွင် မြောက်နုန်းရွာဒေသခံများအတွက် အဝတ်အထည်နှင့် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

သတင်း

တည်တောရွာ၊ မုဆိုးခြုံဘူတာရွာနှင့် အောင်ချမ်းသာရွာများရှိ အိမ်ခြေအချို့မီးရှို့ဖျက်ဆီးခံထားရပြီး အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည်။ ထိုစစ်ကြောင်းများကြောင့် ဝက်လက်နယ်ရှိ ရွာပေါင်း၂၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရသည်။