Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒိုက်ဦးမြို့ ခမရ(၄၄၀)ဂိတ်နှင့် (၇၂)မိုင်ဂိတ်တို့ကိုပဲခူး(ပကဖ) နှင့် DDFတို့ ပူးပေါင်းတိုက်ခိုက်

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရိုက်တာ)

စစ်ကောင်စီတပ် နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရဟုဆို

ပဲခူးခရိုင်၊ ဒိုက်ဦးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၄၄၀) ခြေမြန်တပ်ရင်းဂိတ်နှင့် (၇၂)မိုင်ဂိတ်တို့ကို ပဲခူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Daik-U Defense (DDF)တို့ ပူးပေါင်းပြီး ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(မတ်လ၁ ရက်) ထုတ်ပြန်သည်။

ဒိုက်ဦးမြို့အနီး ခမရ (၄၄၀)တပ်ဂိတ်နှင့် ဒိုက်ဦးမှ အမြန်လမ်းမကြီးသို့သွားရာလမ်းတွင်ရှိသည့် (၇၂)မိုင် စစ်ဆေးရေးဂိတ်များကို ဖေဖော်ဝါရီ ၂၆ ရက် ည ၈နာရီက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“ ခလရ (၄၄၀)က မြို့နဲ့သိပ်မဝေးဘူး။ ပြီးတော့ (၇၂)မိုင်ဂိတ်ဆိုတာက အမြန်လမ်းဘက်အတက်နားလေးမှာ ရှိတာ။ အဖွဲ့တွေ မိုင်းခွဲခဲ့တယ်ဆိုတာ မှန်ပါတယ်” ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သော ဒေသခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုများတွင် ခမရ(၄၄၀)ဂိတ်မှ စစ်ကောင်စီတပ်သာငါးဦး ဒဏ်ရရှိခဲ့ပြီး တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် (၇၂)မိုင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်စဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးသည်။

“ ကတေလေးတွေ safe zone ရောက်ပြီး တစ်ဘက်က ထိခိုက်သတင်းစောင့်ပြီးမှ သတင်းထုတ်တာဖြစ်ပါတယ်” ဟု အထက်ပါ တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး သတင်းထုတ်ပြန်မှု နောက်ကျသည့်အပေါ် ပဲခူး(ပကဖ)နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

You May Also Like

သတင်း

ကန့်ဘလူနယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်​နေရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

သတင်း

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဥ်ရက်ဆက် အကြောင်းမဲ့ ပစ်ခတ်နေသောကြောင့် ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန်လည်း KNDFက တိုက်တွန်းသည်။