Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်နယ်၌ ဖေဖော်ဝါရီအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၄၅ ဦးသေ၊ ၁၆ ဦးဒဏ်ရာရ

ဖေဖော်ဝါရီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း – ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့် တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

▪️လက်နက် ၃၄လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိဟု KNDF ပြော

ကရင်နီပြည်နယ်၌ ဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်သား ၄၅ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့သည့် တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်များမှ လက်နက် ၃၄လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း – ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့် တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၄ရက်တွင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဂိတ်စခန်းအားစွန့်ခွာထွက် ပြေးခဲ့ရသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

“ ဆောင်းပြောင်းစစ်ဆေးရေးဂိတ်ကို ဝင်စီး ပြီးတဲ့​နောက် စကစဘက်က အင်အား ၂၀၀ လောက် နဲ့ စစ်ကြောင်းထိုးနေတာပေါ့။တိုက်ပွဲကလည်း ဒီနေ့အထိ မရပ်သေးဘူး။နောက်တစ်ခု ပြောချင်တာက အခု တိုက်ပွဲမှာ ကျွန်တော်တို့ ပအိုဝ်း လူမျိုးတွေကို တိုက်နေတာမဟုတ်ဘူး။ဒါပေမယ့် အောက်ခြေမှာ စစ်ကောင်စီနဲ့ ပေါင်းပြီး စစ်ကြောင်းမှာပါလာတဲ့ ပအိုဝ်း PNO ဘက်က လူတွေ ကျတာသိရတယ်။ဒါကြောင့် ခွဲခွဲ ခြား ခြားမြင်ဖို့ တိုက်တွန်းပါတယ်” ဟု KNDF တာဝါဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ တောင်မဲသင်းနှင့် ပင်ပုံကျေးရွာဘက်သို့ စစ်ကောင်စီတပ်များ အင်အား၁၀၀ ကျော် ဖြင့် စစ်ကြောင်းထိုးသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လဆန်းအထိ တိုက်ပွဲများ ဖြစ်ပွား နေကြောင်း အသိပေး သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် PNO/PNA ပူးပေါင်းတပ်များအထိနာသဖြင့် လက် နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူများဖြင့် တိုက် ခိုက်ခဲ့သည်။

အလားတူ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းမတစ် လျှောက်ရှိ စစ်ကောင်စီတပ်၏ လင်ဖုံလေးလမ်းခွဲနှင့် ကယန်းသာယာလမ်းခွဲရှိ စစ်ဆေးရေးဂိတ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထို့အပြင် အရပ်သားပြည်သူများကို တိုက်ခိုက်နေသော လွိုင်ကော်မြို့ နှင့် လွိုင်လင်လေးမြို့အခြေစိုက် တပ်ရင်းများကို KNDF မှတန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း KNDFက ​ပြောသည်။

ရှားတောမြို့နယ်တွင်လည်း ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းများကို ဖြတ်တောက်တိုက်ခိုက်ခြင်း၊ ရှေ့တန်းကုန်းစခန်းများအား တိုက်ခိုက်ခြင်း၊ လှုပ်ရှားစစ်ကြောင်းများကိုတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့နယ်၌ အမှတ် (၁၄)စစ်လေ့ကျင့်ရေးကြောင်းမှ လှုပ်ရှားထွက်လာသော စစ်ကြောင်းများအား တိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းများအားပစ်ခတ်ခြင်းများကို ကရင်နီတပ် မတော်(KA) နှင့် KNDF တို့မှ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီအတွင်း ဒီးမော့ဆို၊ ဖရူဆို၊လွိုင်ကော်၊ဖယ်ခုံမြိုနယ်တို့တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဖက်-အရပ်ဖက် မခွဲခြားဘဲ၊ စစ်ရှောင်စခန်းများ၊ ကျေးရွာများ၊ ဘာသာရေး ဆိုင်ရာနေရာများအား လေကြောင်းဖြင့် စုစုပေါင်း ခြောက်ကြိမ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ရပြီး ၁၂ဦးထိခိုက်ဒဏ်ရာရခဲ့သည်။

လက်နက်ကြီးထိမှန်မှုကြောင့် လူနေအိမ် ၉ လုံး၊ ဆေးပေးခန်း တစ်ခု၊ ဘာသာရေးအဆောက် အဦး လေးလုံးပျက်စီးခဲ့သည်။

ဖေဖော်ဝါရီတွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲပေါင်း (၃၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သား ၄၅ဦးသေဆုံးကာ ၁၆ဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် နှစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့​ပြီးကျဆုံးသွားသော ရဲဘော်များအား KNDFမှ အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြု ကြောင်းထုတ်ပြန်ချက်၌ဖော်ပြသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

သတင်း

ဖေဖော်ဝါရီ၁၈ ရက်ကလည်း မြောင်မြို့မရဲစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း

ကျိုက်ထိုမြို့နယ် ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမဘေး တစ်နေရာ၌ စစ်ကောင်စီ ယာဉ်တန်းများလုံခြုံရေးအတွက် ကင်းပုန်းဝပ်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား KRFနှင့် KNLA တပ်ရင်း(၃) ပူး​ပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

နိုင်ငံတကာ

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်ခဲ့ရပြီး စစ်မြေပြင်မှာ အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေခဲ့ရပါတယ်။ တကယ်လို့ ဘက်ခ်မတ်ကိုသာ သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက် ရှားရှားပါးပါး စစ်မြေပြင် အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။