Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအား လက်နက်ခဲယမ်းများ တိုးမြှင့်ဖြည့်တင်းပေးနေကြောင်း တောင်ပိုင်းစစ်ဒေသ အသိပေး

ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း အသိပေးထားပြီး သဝဏ်လွှာပါအချက်များကို ဖော်ပြမထားပေ။

(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်က ကျင်းပခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်းများသည် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်မှုများတွင် ရဲဘော်များသည် Chain of Command ပိုမိုအားကောင်းလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ရဲဘော်များ၏ တိုက်ခိုက်ရေးစွမ်းရည်ပိုမိုကောင်းမွန်လာစေရန် မွမ်းမံသင်တန်းများသင်ကြားပေးခြင်းနှင့် လက်နက်၊ ခဲယမ်းများကို တိုးမြှင့်ကာ ဖြည့်တင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ မတ်လ ၄ရက်ကပြုလုပ်နေစဉ်။ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ)

ထို့ပြင် အရပ်သားပြည်သူများနှင့် စစ်ရေးလှုပ်ရှားမှုများတွင် Code of Conduct များကို လိုက်နာကာ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးတို့အတွက် တရားသောစစ်ကို ဆင်နွှဲလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဂဠုန်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က သဝဏ်လွှာပေးပို့ခဲ့ကြောင်း အသိပေးထားပြီး သဝဏ်လွှာပါအချက်များကို ဖော်ပြမထားပေ။

ERO နယ်မြေအတွင်းရှိ နယ်မြေခံ တာဝန်ရှိသူ များနှင့် ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူများက ရဲဘော်များအား အမှာစကားပြောကြားခဲ့သည်ဟုဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ပေးပို့သည့် ဂုဏ်ပြုဆုငွေ (၁၀) သိန်းကျပ်ကို ပေးအပ်ခဲ့ပြီး မွမ်းမံသင်တန်းတွင် ဆုရရှိသည့် ရဲဘော်များကိုလည်း ဆုချီးမြှင့်ခဲ့သည်ဟု ထုတ်ပြန်သည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအဝင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)မှ စစ်ရေးတာဝန်ခံနှင့် စစ်ထောက်တာဝန်ခံတို့လည်း တက်ရောက်ခဲ့ကြကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

ဒီလို အသိပေးရတာဟာ မန္တလေး − မိုးကုတ် ၊ မိုးကုတ် − မိုးမိတ် နဲ့ မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ သတိပေးရတာလို့ သိရပါတယ်။

သတင်း

ဂျာစီကို ပြန်ဝယ်လို့ရခဲ့သည့်တိုင် ဂစ်တာမှာ တန်ဖိုးဖြတ်လို့မရနိုင်တော့သည့် ကော်ဘရာ စစ်ကြောင်း ထောက်ပို့ အမျိုးသမီး မနော်အဲ့မူး နောက်ဆုံး လက်မှတ်ထိုး အသုံးပြုသွားသည့် ဂစ်တာဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့် ၎င်း၏လက်ကိုင်တုတ် ပျူစောထီးများက ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ငါးဦးကိုလှည်းကူးရှိနေအိမ်သို့ ဝင်ရောက်ပြီး ကလေးပါမချန်သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

သတင်း

ယနေ့ (မတ်လ ၁ ရက်)တွင်မူ စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာ ဝင်ရောက်ကာ ဒေသခံ ပြည်သူ ခြောက်ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ၁၀ဦးကျော် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။