Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်နယ် ဆယ်ဇင်းဒေသတိုက်ပွဲ ပြင်းထန်နေ

Kachin News Group ၏ ဆိုင်းတောင် တိုက်ပွဲ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီနဲ့ ရှမ်းနီတပ်အထိနာဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများသည်ဟု သိရကြောင်း ဆယ်ဇင်းဒေသခံက ပြောသည်။

ဆယ်ဇင်းဒေသ မှန်စိမ်းကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် နေရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာ၍ မတ်လ ၆ရက် နံနက်မှစ၍ တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။

“ အခုလောလောဆယ် ဆယ်ဇင်းနားမှာ ဖြစ်နေတာ။ အခု မနက်ကနေဖြစ်တာ အခုအချိန်ထိ မပြီးသေးဘူး။ ဆယ်ဇင်းဘေးနားတင်ပဲ။ SNA နဲ့ ဒီဘက်က KIA/PDFနဲ့ ဖြစ်တာပေါ့။ SNAဘက်မှာက စစ်ကောင်စီလည်း ပါမှာပေါ့။ သူတို့ကအမြဲတမ်း ပူးပေါင်းနေတဲ့သူတွေဆိုတော့လေ။ သူတို့ဘက်က အထိအခိုက်တော်တော်များတယ်လို့ ကြားပါတယ်။ မပြီးတော့ မပြီးသေးဘူး ပွဲက။ အခုထိဖြစ်နေတုန်း” ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

ဖားကန့်မြို့နယ် ဆိုင်းတော်(ဆိပ်မူ)ရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း KIAနှင့်PDF ပူးပေါင်းတပ်က ယမန်နေ့ ညပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်မသိရသေးဟုဆိုသည်။

Kachin News Group ၏ ဆိုင်းတောင် တိုက်ပွဲ ဖော်ပြချက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်၍ အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဖားကန့်နယ် ဆယ်ဇင်းဒေသ၌ KIAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

You May Also Like

သတင်း

နွားကျောင်းသွားရင်း တောတွင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ကျန်ခဲ့တဲ့ ၇၉ ဗုံးသီးပစ်လောင်ချာကျည်ဖူးကို ကောက်ယူလာခဲ့ပြီး နေအိမ်က အုတ်ကန်ပေါ် တင်ထားရာကနေ ပြုတ်ကျကာ ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွားတာလို့သိရပါတယ်။

သတင်း

ဖေဖော်ဝါရီပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့် တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

နိုင်ငံတကာ

ရုရှားဟာ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် လက်လွှတ်ခဲ့ရပြီး စစ်မြေပြင်မှာ အဆုံးအရှုံးတွေ ဆက်တိုက် ကြုံနေခဲ့ရပါတယ်။ တကယ်လို့ ဘက်ခ်မတ်ကိုသာ သိမ်းယူနိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက် ရှားရှားပါးပါး စစ်မြေပြင် အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။

သတင်း

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။