Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွန်ဟိန်းမြို့နယ်၌ ရှမ်းတပ်အချင်းချင်း တိုက်ပွဲဖြစ်

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်၌ မတ်လ ၂ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၂ရက်)နံနက် ၁၁နာရီခန့်တွင် SSPPက အင်အား ၁၀၀ခန့်ဖြင့် ကွန်ဟိန်းမြို့နယ် နမ့်တွတ်ဖက်ဒေသရှိ RCSS တပ်စခန်းအား ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ SSPP ပြောရေးဆိုခွင့်ရှိသူအချို့အား ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။

(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးကြောင်း၊ RCSSအနေဖြင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားချိန်တွင် SSPPက တိုက်ပွဲဖြင့် တုံ့ပြန်အဖြေပေးခဲ့ခြင်းဖြစ်ကြောင်း RCSSက ထုတ်ပြန်သည်။

RCSS အနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံရန် ဖိတ်ခေါ်ထားရာ ဖိတ်ခေါ်သည့်ကာလကို အတွက် ၂၀၂၂ အောက်တိုဘာ ၁၀ရက်မှ ၂၀၂၃ဖေဖော်ဝါရီ ၁၀ရက် အထိသတ်မှတ်ထားသည်။

RCSSနှင့် SSPP ရှမ်းတပ် နှစ်ခုလုံးသည် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ရှမ်းတပ် အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှုများ မကြာခဏရှိခဲ့သည်။

(RCSS နှင့် SSPP တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်က မြင်းဒေါင်းကျေးရွာ၌ တပ်စွဲညအိပ်ခဲ့သော စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၇ရက် နံနက် ၈ နာရီခွဲတွင် မကျီးအုပ်ကျေးရွာ တောင်ပိုင်းမှ စတင်ကာ အင်အား ၃၀ဖြင့် စစ်ကြောင်းထိုးခဲ့သည်။

သတင်း

တိုက်ပွဲနှင့်ပတ်သပ်၍​မေးမြန်းရန် KIA သတင်းပြန်ကြား​ရေးတာဝန်ခံ ဗိုလ်မှူး​ကြီးနော်ဘူကိုဆက်သွယ်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

သတင်း

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

သတင်း

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း စစ်ကောင်စီတ​ပ်သည် ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်အချို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့သည်။