Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့လယ်ရှိ Junction City စီမံကိန်းမှ စင်ကာပူ Keppel ကုမ္ပဏီနှုတ်ထွက်မည်ဟု​ကြေညာ

စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်​ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှဆက်တိုက်ထွက်ခွာခဲ့သည်။

(ရန်ကုန်မြို့လယ်ရှိ Junction City အ​ဆောက်အအုံ နှင့် စင်ကာပူ မှ Keppel ​ကော်ပို​ရေးရှင်းအ​ဆောက်အအုံ။ ဓါတ်ပုံ-DP Engineers/CNA)
(ရန်ကုန်မြို့လယ်ရှိ Junction City အ​ဆောက်အအုံ နှင့် စင်ကာပူ မှ Keppel ​ကော်ပို​ရေးရှင်းအ​ဆောက်အအုံ။ ဓါတ်ပုံ-DP Engineers/CNA)

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှုအားလုံးနှုတ်ထွက်မည်ဖြစ်ကြောင်း စင်ကာပူမြေယာကုမ္ပဏီ Keppel က ယနေ့ ထုတ်ပြန်လိုက်သည်။

ဒေါ်လာ ၅၇သန်းကျော် ရင်းနှီးမြှပ်နှံထားသည့် ရန်ကုန်မြို့လယ်ရှိ Junction City စီမံကိန်းတွင် Keppel ကော်ပိုရေးရှင်း၏ လက်အောက်ခံကုမ္ပဏီ Double Peak ကုမ္ပဏီကရှယ်ယာဝင်ထားခြင်းကို ၂၀၂၃ခုနှစ် နှစ်ဝက်အတွင်း အပြီးသတ်နှုတ်ထွက်မည်ဖြစ်သည်။

ထိုသို့နှုတ်ထွက်ပြီးပါက Green Development နှင့် Straits Greenfieldနှစ်ခုလုံးတို့သည် Keppel၏လုပ်ငန်းခွဲများမဟုတ်တော့ကြောင်း အဆိုပါကုမ္ပဏီ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ရန်ကုန်မြို့လယ်ရှိ  Junction City အ​ဆောက်အအုံ နှင့် စင်ကာပူ မှ Keppel ​ကော်ပို​ရေးရှင်းအ​ဆောက်အအုံ။ ဓါတ်ပုံ-DP Engineers/CNA)
(ရန်ကုန်မြို့လယ်ရှိ Junction City အ​ဆောက်အအုံ နှင့် စင်ကာပူ မှ Keppel ​ကော်ပို​ရေးရှင်းအ​ဆောက်အအုံ။ ဓါတ်ပုံ-DP Engineers/CNA)

Junction Cityစီမံကိန်းသည် ရန်ကုန်မြို့တွင်တည်ရှိပြီး ဈေးဝယ်စင်တာများ၊ Pan Pacific ဟိုတယ်နှင့်လူနေအိမ်ယာများပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

စင်ကာပူအိမ်ယာ​​မြေနှင့်အ​ခြေခံအ​​ဆောက်အအုံဖော်ဆောင်သူကုမ္ပဏီ Keppel Land သည် ပြည်တွင်းမှ ရွှေတောင်လုပ်ငန်းစုနှင့် သဘောတူညီမှုရယူပြီး ရန်ကုန်မြို့လယ်ရှိ Junction Cityစီမံကိန်း ဒုတိယအဆင့်နှင့်လူနေအိမ်ယာ၊ ရုံးခန်းများတည်ဆောက်ရန် ၂၀၁၆ခုနှစ် စက်တင်ဘာ ၉ ရက်က သဘောတူရင်းနှီးမြှပ်နှံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှနိုင်ငံခြားကုမ္ပဏီများ ဆက်တိုက်နှုတ်ထွက်နေခြင်းမှာ စစ်တပ်အာဏာသိမ်းမှု၏ ဆိုးကျိုးတစ်ခုဖြစ်ပြီးနိုင်ငံအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှအကြံပေးကုမ္ပဏီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

“ဆယ်စုနှစ်တခုကြာရရှိခဲ့တဲ့စီးပွားရေးတိုးတက်မှုတွေ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်အတွင်းမှာ အကုန်လုံးပြန်ဆုံးရှုံးသွားတာ”ဟု၎င်းက​ဆက်ပြောသည်။

အလားတူဆွစ်ဇာလန် အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ Nestle သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းပြီးနိုင်ငံအတွင်းမှာ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်ကကုမ္ပဏီဘက်ကထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်​ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှဆက်တိုက်ထွက်ခွာခဲ့သည်။

You May Also Like

သတင်း

ထိုစီမံကိန်းများအနက် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်(၂၀၂၃)ဒီဇင်ဘာတွင် လုပ်ငန်းများစတင်ရန် စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်ကပြောကြောင်းစစ်​ကောင်စီမီဒီယာများကဖော်ပြသည်။

သတင်း

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)တွင် Yangon Revolution Force - YRF မှ ရဲဘော်များက ကျဆုံးပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီများဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိ နေရာအချို့၌ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြသည်။

သတင်း

ယခုတစ်ပတ်အတွင်း ရန်ကုန်-နေပြည်တော် တိုးဂိတ် အပါအဝင် အဝေးပြေးကားဝန်း နှင့် နယ်မြေအလိုက် စစ်ဆေးမှုများကို လုံခြုံ​ရေးစည်း ၂ စည်းဖြင့်စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်နေသည်ဟု သိရသည်။

သတင်း

အခြေခံ သဘောထားတွေကို မပြောင်းလဲဘဲ မြဲမြဲမြံမြံ ရပ်တည်ပေးနေတဲ့ စင်ကာပူ အစိုးရကိုရော၊ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကြောင်း ပြသခဲ့တဲ့ ဝန်ကြီး ဘာလက်ခ်ရစ်ရှ်န်ကိုပါ NUGက လေးလေးနက်နက် ကျေးဇူးတင်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။