Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကောင်စီတ​ပ်၏ ရှေ့ပြေးကင်းအဖွဲ့အား မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(Khin U Special Force Organization-KSOအဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KSO)
(Khin U Special Force Organization-KSOအဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KSO)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတ​ပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း Khin U Special Force Organization-KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁ ရက်)မွန်းလွဲပိုင်းက သရက်ပင်စုရွာသစ်ဘက်မှ ယာတော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းအဖွဲ့ ၁၀ဦးအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးနေရာ၌ သေဆုံးကြောင်း၊ ကျန် ငါးဦးက ရဲဘော်များအား ဝိုင်းပိတ်ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ သူတို့ဘက်ကနေ ဝိုင်းပြီးတော့ ပိတ်ပြီးပစ်တယ်။ ၁၅မိနစ်လောက်ကြာတော့ ရဲဘော်တွေပိတ်မိနေခဲ့တယ်။ ဒါပေမယ့် ပြန်ထွက်နိုင်ခဲ့တယ်။” ဟု KSOအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် ပြန်ဆုတ်ပြီးချိန် ရဲဘော်တစ်ဦး နှလုံးအမောဖောက် အားနည်းလာသောကြောင့် ယခုအချိန်အထိ ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းကျေးရွာ အနောက်တောင်ဘုန်းကြီးကျောင်းနှင့် သရက်ပင်စုကျေးရွာ လင်းရောင်ခြည် ဘုန်းကြီးကျောင်းတွင် သုံးရက်တာ တပ်စွဲ ညအိပ်နေသော စစ်ကြောင်းဖြစ်သည်။

စစ်ကောင်စီတပ်များသည် ယမန်နေ့ညက သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ပြန်လည်စခန်းချခဲ့ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးမြို့မှ စစ်ကောင်စီတ​ပ်များသည် ဖေဖော်ဝါရီ ၂၈ရက်နှင့် ယမန်နေ့များက မြင်းဒေါင်းကျေးရွာရှိ ပြည်သူပိုင်ပစ္စည်းများအား ကားများဖြင့် နှစ်ရက်ဆက်တိုက် ခိုးယူသယ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် မြင်းဒေါင်း၊သရက်ပင်စု၊ ယာတော်၊ မကျီးအုပ်၊ကားဆိပ်၊အင်တိုင်းလေး(မြောက်) စသည့်ကျေးရွာများ လေးရက်တိတိ ထွက်ပြေးတိမ်းရှောင်နေရပြီး သရက်ပင်စုနှင့် မြင်းဒေါင်းကျေးရွာမှ ဖမ်းဆီးခံ ပြည်သူများရှိနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၂ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ယာတော်ကျေးရွာမှတဆင့် ကျွန်းတော်ကြီးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း နယ်ခံတစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် ဒေသခံကာကွယ်ရေးများ ၏ မြေပြင်အခြေအနေအရ စည်းကမ်းချက်ထုတ်ပြန်မှုများအား လေးစားလိုက်နာပေးကြရန် KSO အဖွဲ့က သတိပေးထားသည်။

You May Also Like

သတင်း

တာတိုင်ကျေးရွာသည် လွန်ခဲ့သည့် တစ်လ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့သည်။

သတင်း

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ဘေးရှောင်ရသည့် တိုက်နယ်တစ်ခုဖြစ်ပြီး အချို့ကျေးရွာများမှ ဒေသခံများစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်နီးပါး အထိကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကုန်းရွာအား ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းမှစ၍ မီးရှို့ခဲ့ပြီး မတ်လ ၁ရက်တွင်လည်း မီးဆက်ရှို့ခဲ့၍ အိမ်ခြေ ၄၀၀ခန့် လောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီးတပ်စွဲထားသောစစ်ကောင်စီတပ်စခန်းကို ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းမှ ပုလဲစစ်ကြောင်းနှင့် ကော်သူလေးတပ်မတော် (KTLA) တို့က ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။