Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော
တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးကတိကဝတ်အမြန်ဆုံးရယူပြီး စစ်အုပ်စုဖြိုချရန် လက်တွဲချိန်ရောက်ပြီဟု ယာယီသမ္မတပြော

▪️စစ်အုပ်စု၏ သွေးခွဲခြင်းဗျူဟာကို အထူးသတိထားရန် မှာကြား

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမြန် ဆုံးပြေလည်မှုရရှိအောင် ဆက်ဆံရန် နှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုများတည်ဆောက် ရန် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အကြား ပိုမိုခိုင်မြဲတဲ့ ညီညွတ်မှု၊ စည်းလုံးမှုနှင့် လက်တွေ့ကျတဲ့ ပူးပေါင်းမှုများကို တည်ဆောက်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံးပြေလည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီ” ဟု ယာယီသမ္မတက ပြောကြားသည်။

အကြမ်းဖက်အုပ်စုသည် ၎င်းတို့၏ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား သွေးခွဲခြင်း ၊ တော်လှန်ရေးအင်အားစုများအကြား အချင်းချင်း သွေးခွဲခြင်းများ တစိုက်မိတ်မတ်လုပ်ဆောင်နေသည်ဟု ယာယီသမ္မတက သတိပေးသည်။

“စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ညီညွတ်မှုသည်သာ တော်လှန်ရေး အောင်မြင်ဖို့ အားတရပ်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး အနေဖြင့် လက်ရှိ အချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုပေါင်းစုံမှ ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ မဆုတ်သော ဇွဲ၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းလိုသော စိတ်ဓာတ်များက ယနေ့တော်လှန်ရေး အတွက် အဓိက ပင်ရင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အရင်းခံများကြောင့် အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများကို အဘက်ဘက်တွင် ယှဉ်ပြိုင်ရန် ကျရှုံးနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားသည်။

“ယခုလို အချိန်တိုအတွင်း ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေဟာ ပြည်သူများရဲ့ အသက်ပေးဆပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ယခုအောင်မြင်မှုများသည် တော်လှန်ရေးအဆုံးသတ်ဖို့ ခြေလှမ်းများသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး အမြဲသတိပြုဖို့လိုအပ်ပါတယ်”ဟုလည်း ယာယီသမ္မတက ပြောသည်။

Facebook

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၅ နာရီခန့်ကလည်း ယာကြီးပင် ပျူရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် အုန်းတောရွာသို့ စစ်ကြောင်းထိုးလာစဉ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူ နှစ်ဦးခန့် ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယနေ့ (ဖေဖော်ဝါရီ ၂၀ရက်)ကျရောက်သည့် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ယာယီသမ္မတက တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်အုပ်စုနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်စားဖိုဆောင်သုံး သီးနှများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံပြီးနိုင်ငံခြားငွေရရှိရန် စစ်ကောင်စီက ကြက်သွန်နီတင်ပို့ရန် စီစဉ်နေသည်။

သတင်း

မြောင်မြို့နယ် မရိုးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများပါသောပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ရက်မှစတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။