Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်အုပ်စုအား နှစ်ရက်ဆက်တိုက်ခိုက်

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်နှစ်ဦး ချောင်းမြောင်းနေစဥ်။ ဓာတ်ပုံ-Lightning People Defence Force)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်နှစ်ဦး ချောင်းမြောင်းနေစဥ်။ ဓာတ်ပုံ-Lightning People Defence Force)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား နှစ်ရက်ဆက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

မတ်လ ၆ရက် ည ၁၁နာရီခန့်က မုံရွာ – မန္တလေးလမ်းပိုင်း မြေနဲရွာအနီး စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား (၆၀) မမဖြင့် သုံးချက်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုက လက်နက်ကြီး၊ငယ်များဖြင့် ပြန်ပစ်ခတ်သော်လည်း မဟာမိတ်ညီနောင်ရဲဘော်များ အထိခိုက်မရှိဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှဦးဆောင်ကာ မော်လိုက်ခရိုင်တပ်ရင်း(၂)၊ မုံရွာခရိုင်လှုပ်ရှားတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၇ ရက် မွန်းတည့် ၁၂နာရီခန့်ကလည်း မြေနဲရွာနှင့် မင်းရွာကြား စွမ်းရည်ထက်ဆီဆိုင်အနောက်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာ – ချောင်းဦးလမ်းပေါ်ထွက်လာခဲ့သည်။

အဆိုပါ အဖွဲ့ထံသို့ တောပုရွာမှ ပျူ ၂၅ ဦးခန့်ကလည်း ထပ်မံရောက်ရှိလာရာ တောင်ပုံကျေးရွာတောင်ဘက်သို့ ရောက်ရှိလာချိန် CHUPDF တပ်ခွဲ – ၅(IGF Monywa)နှင့် မဟာမိတ်အဖွဲ့ဖြစ်သော Monywa Ninja Team တို့က ပဒေသာမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပျူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Monywa Ninja Team အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ ပထမဆုံးနှစ်ယောက်အရင် လယ်ကွက်ထဲ တက်လာတာ မဆွဲသေးဘူး။ ခဏနေတော့ ၂၅ ယောက်အတန်းလိုက် ထွက်လာကြတာ။ ပထမတစ်လုံးခွဲတယ်။ နစ်ယော​က်လဲကျသွားတယ်။ နောက် တစ်လုံးခွဲချိန် မှာ ရှစ်ယောက် လောက် ထိ လွင့်စင် ထွက်သွားတယ်။ ကျွန်တော်တို့ ခွဲချိန် မျက်မြင်ကတော့ ၆ကောင် သေတာပဲ။ ကျန်တာတွေက အတုံးအရုံး နဲ့ လှုပ်နေသေးတယ်။ တောပုထဲက ပျူတစ်ယောက်က ခြေထောက်ပြတ်ပြီး သေသွားတယ်လို့ အတိကျ သတင်းရတယ်။” ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်နီးရာ အနီးတဝိုက် သွားလာနေထိုင်ခြင်းမပြုရန် IGF Monywaက သတိပေးသည်။

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

You May Also Like

သတင်း

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

သတင်း

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ - ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၆ ရက်)က အရာတော်မြို့ တကရ(၅၀၀၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရာတော်မြို့နယ်ရှိ ကျွဲခြံကျေးရွာ ဖြတ်သန်းကာ စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

"အလောင်းက အထက်ပိုင်းကနေ မျောလာတာဖြစ်နိုင်မယ်၊ ဆေးရုံကိုပို့လိုက်ပါပြီ"လို့ အလောင်းဆယ်ခဲ့တဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။