Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်တွင်ရွာများကိုမီးရှို့ပြန်လာ​သောစစ်​တပ်စစ်​ကြောင်းကိုPDF များမိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

(MNPDF -မြစ်ငယ် တပ်ဖွဲ့ဝင်PDFများ။ဓါတ်ပုံ-MNPDF)
(MNPDF -မြစ်ငယ် တပ်ဖွဲ့ဝင်PDFများ။ဓါတ်ပုံ-MNPDF)

▪︎တိုက်ခိုက်ခံရ​သောစစ်​အုပ်စုသည် CDSOM စခန်းကိုစီးနင်းတိုက်ခိုက်ခဲ့​​သည့်စစ်​ကြောင်းဖြစ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မီးရှို့ပြန်လာသော စစ်ကောင်စီတပ်၊ ရဲနှင့် ပျူများပါဝင်သည့် စစ်ကြောင်းအား PDF များက ၂ ရက်ဆက်ပူး​ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအရာရှိတစ်ဦးအပါအဝင် ၆ ဦး​သေဆုံးကြောင်း မန္တလေးခရိုင်အမှတ်၅တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

​မြောင်မြို့နယ် ချောင်းဆင်းရွာ၊ ရသစ်ကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးပြီးပြန်လာ​သော စစ်​ကောင်စီတပ်စစ်​ကြောင်း ၃ ​ကြောင်းကို မြစ်ငယ်PDF အပါအဝင်PDF များက မတ်လ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်​ကြောင်းတစ်​ကြောင်းတွင် အင်အားတစ်ရာခန့်ရှိပြီးစစ်​ကြောင်း ၃ ​ကြောင်း​ပေါင်းအင်အား စုစု​ပေါင်းမှာ ၃၀၀ ခန့်ရှိသည်ဟု အထက်ပါပုဂ္ဂိုလ်က​ပြောသည်။

အဆိုပါစစ်​ကြောင်းများသည် ​မြောင်မြို့နယ်ရှိ CDSOM စခန်းကို မတ်လဆန်းကစီးနင်းတိုက်ခိုက်ပြီး ပြန်ထွက်လာ​သောစစ်​ကြောင်းများပင်ဖြစ်ကြောင်းလည်း ၎င်းကဆက်​ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။

“ ဗိုလ်လောင်းအမည်တော့ မသိရသေးဘူး။ မြေပြင်သတင်းကနေ တဆင့်သိရတာ။” ဟု မန္တလေးခရိုင်အမှတ်၅တပ်ရင်း MNpdf မြစ်ငယ်၏ ပြန်ကြားရေးတာဝန်ခံက People’s Spring သတင်းဌာနကပြောသည်။

အဆိုပါစစ်ဆင်ရေးကို မန္တလေးခရိုင် အမှတ် (၅)တပ်ရင်း MN PDF Myitnge၊ MNPDF Myitngeအမျိုးသမီးတပ်ခွဲ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ဗိုလ်တစ်ထောင်ငမိုးပြောက်ကျားတပ်ဖွဲ့၊ Myaung Special People Defence Force (MS PDF) မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ထိုအပြင် မတ်လ ၇ ရက်တိုက်ခိုက်မှုတွင် အခြား PDF တပ်ဖွဲ့များလည်းပါဝင်​ကြောင်းသိရသည်။

You May Also Like

သတင်း

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ - ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတ်လ ၃ ရက် နံနက် ၇ နာရီကျော်တွင် မြိတ် - ထားဝယ်လမ်းအတိုင်း မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပိတိုင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းမှ ယာဉ်တစ်စီးတိမ်းမှောက်သွားပြီး တစ်စီးမှာ မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။

သတင်း

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။