Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီ၏ဟွေအွမ်တပ်စခန်းကို ကရင်နီတပ်မတော် စီးနင်းတိုက်ခိုက်

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

((၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကို ကရင်နီတပ်မတော် (KA)က ၂၀၂၂ အောက်တိုဘာ၂၂ ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KA)
((၇၄)ကြိမ်မြောက် ကရင်နီအခြေခံစစ်သင်တန်း ပိတ်ပွဲအခမ်းအနားကို ကရင်နီတပ်မတော် (KA)က ၂၀၂၂ အောက်တိုဘာ၂၂ ရက်တွင် ပြုလုပ်နေစဥ်။ ဓာတ်ပုံ - KA)

▪️စစ်ကောင်စီတပ်သားအလောင်းခြောက်လောင်းနှင့် လက်နက်များရရှိဟု ပြော

ကရင်နီတပ်မတော်(KA) ကွန်မန်ဒိုတပ်ဖွဲ့က စစ်ကောင်စီစခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက် ရာ စစ်ကောင်စီတပ်သားအလောင်း ခြောက်လောင်းနှင့် လက်နက်များရရှိကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က ယနေ့ ထုတ်ပြန်သည်။

သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နှင့် ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးတွင် အခြေပြုလျက်ရှိသော စစ်ကောင်စီ၏ ရှေ့တန်းခလရ(၅၄)တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင်သော ဟွေအွမ်တပ်စခန်းကို ယမန်နေ့(မတ်လ ၆ရက်)က ဝင်ရောက်စီးနင်းခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဉ်တွင် ကရင်နီကွန်မာဒိုတပ်ဖွဲ့မှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများဖြစ်သည့် (၆၀) မမ တစ်လက်၊ စနိုက်ဘာတစ်လက်၊ MA-1 တစ်လက်၊ MA- 2(၂)လက်၊ MA-4(၂)လက်နှင့် အလောင်း ခြောက်လောင်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ကျန်သူများမှာ စခန်းမှထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း ဆိုသည်။

“ ခလရ(၅၄)ရဲ့ တပ်ခွဲစခန်းတစ်ခုပါ။မနေ့က မနက် ၆ နာရီလောက်မှာ ဝင်စီးတယ်။တိုက်ပွဲက နာရီဝက်လောက်ကြာတယ်” ဟု ကရင်နီတပ်မတော် တာဝန်ရှိသူက ပြောသည်။

ခလရ(၅၄)သည် သံလွင်မြစ် အရှေ့ဖက်ခြမ်းတွင် လွန်ခဲ့သော ၂၀၂၀နောက်ပိုင်း ကတည်းက ရောက်ရှိခဲ့ပြီး ဟွေအွမ်စစ်ဒေသတွင် စခန်းငယ်(၄)ခု ပြန့်ကြဲ၍ အထိုင်စခန်းဖြင့် လှုပ်ရှားရသည့် တပ်ရင်း ဖြစ်သည်။

နယ်စပ်အနီး စခန်းထိုင်လှုပ်ရှားနေသော ရှေ့တန်း ခလရ(၁၃၄)နှင့်(၁၃၅)တို့လည်း လိုအပ်လျှင်လိုအပ်သလို အင်အားဖြည့်ပေးရလျက်ရှိကြောင်း KMIC က အသိပေးသည်။

ထိုသို့ အခြားတပ်ရင်းများကို ရိက္ခာနှင့်လက်နက်ခဲယမ်း ပို့ဆောင်ရေး အစီအစဉ်များတွင် ကူညီ ဆောင်ရွက်ပေးရသဖြင့် တပ်ရင်းအခြေပြုစခန်းများတွင် အင်အားချိနဲနေချိန် ယခုကဲ့သို့ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

အာဏသိမ်းကာလ နှစ်နှစ်ကျော်အတွင်း TNLAက Non CDM များနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးခြင်းလည်းဖြစ်သည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

ယမန်နေ့ ညနေ၅နာရီခန့်က မြင်းခြံ - ခမရ (၁၅)အဝင်ဂိတ် ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်​ကောင်စီသည်နိုင်ငံခြားငွေလိုအပ်ချက်မြင့်မား​နေသဖြင့် နိုင်ငံခြားငွေရပေါက်ရလမ်းအတွက် မျိုးစုံလုပ်ကိုင်​နေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးသည်။