Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အတုအယောင်ရွေးကောက်ပွဲသည်ပိုဆိုးသည့်ပဋိပက္ခဦးတည်နေ၍ အာဆီယံပါလီမန်အမတ်များအဖွဲ့-APHR ဆန့်ကျင်ကန့်ကွက်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)

▪️အင်ဒိုနီးရှား၌ ကျင်းပသည့် APHR နှစ်ပတ်လည် ဖိုရမ်သို့ CRPH ကိုယ်စားလှယ်နှင့်ဘေးစီမံဝန်ကြီးတက်ရောက်

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပိုမိုဆိုးဝါးသည့် ပဋိပက္ခများကို ဦးတည်နေသည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) အဖွဲ့ဝင်များ အနေဖြင့် လုံးဝဆန့်ကျင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု ARPH၏ နှစ်ပတ်လည် ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

အင်ဒိုနီးရှားအောက်လွှတ်တော်တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ ပထမနေ့၌ မြန်မာ့ပဋိပက္ခ၊ အာဆီယံအရေးများ၊ အင်ဒိုနီးရှားနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍအား ဆွေးနွေးခြင်း အစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြတ်အေးက CRPH၊ NUG နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့၏ အခန်းကဏ္ဍနှင့် လက်တွဲလုပ်ဆောင်နေမှုများ၊ CRPH၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း CRPHက ထုတ်ပြန်သည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးတို့အတွက် CRPH၏ တောင်းဆိုချက်များ ခေါင်းစဉ်ဖြင့် တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ကြိုးပမ်းချက်များနှင့် နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးကူညီပေးရန် တောင်းဆိုချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်ဟုဆိုသည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

ယင်းခရီးစဉ်နှင့်ပတ်သက်၍ ဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ရာ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြပြီး မြေပြင်တွင် ဒုက္ခရောက်နေကြသော ပြည်များကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကိုအမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ - CRPH)
(လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPH ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နေစဥ်။ ဓာတ်ပုံ – CRPH)

CRPH ကိုယ်စားလှယ်ဦးနေမျိုးထက်ကလည်း ရွေးကောက်ခံမြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ရာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံလွှတ်တော် ကိုယ်စား လှယ်များအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအခြေအနေများကို မျှဝေဆွေးနွေးခဲ့သည်ဟု CRPHက ထုတ်ပြန်သည်။

အကြမ်းဖက်ခံရမှုများကြားမှ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း ဖော်ပြသည်။

ယခုကဲ့သို့ ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးကူညီပေးသည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နှင့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ပံ့ပိုးခဲ့သည့် အဖွဲ့များကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

ဆောင်းပါး

ဒီလမှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေက ဂျကာတာမှာ အစည်းအဝေး ကျင်းပတဲ့အခါ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေးကို ဆက်လက် အားပေး ထောက်ခံနေတဲ့တိုင် ဘာတိုးတက်မှုမှ ရှိမလာတဲ့ အခြေအနေ အတွက်လည်း စိတ်ပျက်တယ်လို့ သဘောထား ဖော်ပြခဲ့ကြပါတယ်။

သတင်း

မလေးရှားဝန်ကြီးချုပ် Anwar Ibrahim သည် အာဆီယံ၏ အနာဂတ်နှင့်ပတ်သက်၍ ဆက်လက်အကောင်းမြင်သော်လည်း စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရမည်ဟု အလေးပေးတိုက်တွန်းသည်။

သတင်း

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီးနောက် မြန်မာ့အရေးကိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို သီးခြား ဖွဲ့စည်းမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြောခဲ့ပါတယ်။