Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ရေးဆက်လက်တင်းမာနေ

SNAတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းဒေသအစပ် စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးက ရန်သူ့တပ် စစ်ကောင်စီတပ်သားများအား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးက ရန်သူ့တပ် စစ်ကောင်စီတပ်သားများအား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - The Kachin Net)

▪️မတ်လ ၆ရက်တိုက်ပွဲ KIAက ထိခိုက်ကျဆုံးမရှိဘဲ ရှမ်းနီ SNA တပ်အထိနာဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ အနီး၌ မတ်လ ၆ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီလက်အောက်ခံတပ် ရှမ်းနီ(SNA) တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

မတ်လ ၆ရက်က ဆယ်ဇင်းအနီးရှိ မှန်စိမ်း၊နံ့ကသာ၊နတ်နစ် အရပ်မှ KIA တိုက်ခိုက်သိမ်းပိုက် ထားသည့် တပ်စခန်းနေရာများအား ရှမ်းနီတပ် SNAက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ သတင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ KIAရော SNA ရောအထိအခိုက်အကျဆုံးများတယ်လို့ ပြောလို့ အဲဒါ KIAဘက်က အထိအခိုက်အကျဆုံး လုံး၀မရှိပါဘူး။လက်ရှိ အခြေအနေက တစ်ဖက်နဲ့ တစ်ဖက်တင်းမာနေဆဲပါ။ပုံမှန်အတိုင်း ဆက်ရှိပါတယ်။ KIA/PDFကလည်း သိမ်းထားတဲ့နေရာတွေမှာ ပုံမှန်အတိုင်း ထပ်ထိုင်ထားပါတယ်။ သိမ်းထားတဲ့နေရာတွေဆိုတာ မှန်စိမ်း၊ နတ်နစ်၊ နံ့ကသာ အဲဒီမှာပဲ ထိုင်မြဲ ထိုင်ထားဆဲပါ။ တိုက်ပွဲကတော့ မပြီးသေးပါဘူး” ဟု KIAနှင့်နီးစပ်သည့် ဆယ်ဇင်းဒေသခံက ပြောသည်။

မတ်လ ၆ရက် နံနက် ၁၁နာရီမှ နေ့လည် ၁နာရီအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ SNAတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲမတိုင်ခင်ကလည်း KIAက ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသရှိ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်မှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း ဆယ်ဇင်းဒေသ မှန်စိမ်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးဟု ပြော သည်။

SNAတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းဒေသအစပ် စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

NUG ကာကွယ်ရေး၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ စုစုပေါင်း ၂,၅၀၀ နီးပါးအနက် ထိတွေ့တိုက်ပွဲ ၁၅၀၀ ကျော်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၀ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၁၅၆ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆၇၀ ကျော် ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးမှုကို ၂၀၂၂ နှစ် မိုးကုန်ပိုင်းတွင် နောက်ဆုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုနောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ်ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု PDF Zoland တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကောင်စီတပ်မှ သေဆုံးသူများအနက်တစ်ပွင့်ဗိုလ်တစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့်ဒု-တပ်ကြပ်တစ်ဦးပါဝင်ကြောင်း အတည်ပြု သိရှိရသည်ဟု ဖော်ပြသည်။