Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ခွက်ရေနံမြေစခန်း ဒေသကာကွယ်ရေးတပ် များသိမ်းပိုက်ရာ ကျည်မ​လောက်၍ လက်လွှတ်ခဲ့ရ

ကျောက်ခွက်ရေနံမြေ Well-2 ရေနံမြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏စခန်းကို တိုက်ခိုက်ရာ အချိန် ၃နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူ​ပေးခဲ့ခြင်း ဖြစ်သည်။

(ကျောက်ခွက်ရေနံမြေစခန်း သိမ်းပိုက်ရန် PDF ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဉ်)
(ကျောက်ခွက်ရေနံမြေစခန်း သိမ်းပိုက်ရန် PDF ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဉ်)

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျောက်ခွက်ရေနံမြေ Well-2 တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးပူး​ပေါင်းစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်(၃၃) ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်လုနီးရောက်ခါးနီးမှ ကျည်မလုံ​လောက်မှုနှင့် စစ်ကောင်စီတပ်ရဟတ်ယာဥ်​ရောက်လာ၍ မသိမ်းနိုင်ခဲ့​ကြောင်း PDFရဲဘော်များက ​ပြောသည်။

ကျောက်ခွက်ရေနံမြေ Well-2 ရေနံမြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏စခန်းကို တိုက်ခိုက်ရာ အချိန် ၃နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူ​ပေးခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ရဲစခန်းအထိ တော်လှန်ရေးမဟာမိတ်များက ဝင်ရောက်နိုင်ခဲ့သော်လည်း ကျည်မလုံလောက်မှုနှင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် PDFအချို့က ပြောသည်။

“ စခန်းထဲဝင်ရောက်ချိန် ရဟတ်ယာဉ်နဲ့ စခန်းပတ် လည်ကို လာပစ်တာ၊ ဒါကြောင့်ပြန်ဆုတ်ခဲ့ရာ အဲ့အချိန်မှာ(ရဟတ်ယာဥ်ဖြင့်ပစ်ချိန်တွင်) အထိအခိုက်တော့မရှိခဲ့ဘူး”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

၃နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် အကျအဆုံးများရှိသော်လည်း အတည်မပြုနိုင်ဘဲ ဒေသခံကာကွယ်ရေးတပ်များဘက်မှ ရဲဘော် သုံးဦးထိခိုက်ကာ တစ်ဦးကျဆုံးခဲ့​ကြောင်း PDF ရဲဘော်များက​ ပြောသည်။

“ ဘန်ကာခြေထိ ကျွန်တော်တို့ကပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲဘော်တွေက ကျည်လုံလောက်မူမရှိတဲ့အတွက် အတွင်းထိမဝင်နိုင်ခဲ့ရဘူး။ ကျွန်တော်တို့ ကျည်လုံလောက်ရင်တော့သိမ်းနိုင်ဖို့ထိရှိတယ်။ လေကြောင်းကြောင့်ထိခိုက်တာတော့မရှိဘူး။ ကျတဲ့ရဲဘော်က လက်နက်ကြီးထိမှန်သွားတာ” ဟု M.V.P Revolution Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံကလည်းPeople’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီရဟတ်ယာဉ်သည် အဆိုပါ ရေနံမြေကို ပစ်ခတ်ပြီး ထန်းပေါက်ကုန်းကျေးရွာကိုလည်း တိုက်ခိုက်ခဲ့သေးသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး ထိမှန် သေဆုံးခဲ့သည်။

You May Also Like

သတင်း

တိုက်ပွဲမှာ ဖေဖော်ဝါရီ ၄ရက်က ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်း၊ အမှတ်(၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။

သတင်း

မွန်းလွဲ ၂ နာရီ ၂၅မိနစ်တွင်လည်း သံပုရာခြံကျေးရွာအနီးတွင် စစ်ကောင်စီတပ်အား မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ရာ သုံးဦး အနက် နှစ်ဦးလဲကျသွားကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး နှစ်ဦးကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီရဟတ်ယာဉ်သည် မန်ကျည်းကန်၊ ရွာသစ်ကုန်းရွာနှင့် အုတ်ဖိုရွာတို့ကိုလည်း ရမ်းသမ်းပစ်ခတ်သွားသည်ဟု အောင်ဆန်းသွေးပြောက်ကျားတပ်ဖွဲ့က​ပြောသည်။