Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကဝနှင့်ပေါင်းတည်မှ ပျူခေါင်းဆောင်နှစ်ဦးကိုနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်ပကဖပစ်ခတ်ရှင်းလင်း

စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ ​ဈေးအတွင်းဆက်​ကြေး​ကောက်​နေ​၍ ပြည်သူများကိုဒုက္ခ​ပေး​နေ​သောသကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တင်မြင့်ကိုမတ်လ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် သရက်ကုန်းဈေးအတွင်း သေနတ်ဖြင့်ပစ်၍ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း PDF ကသတင်းထုတ်ပြန်သည်။

(ကဝ မြို့နယ်မှ ပျူ​ခေါင်း​ဆောင် တင်မြင့်။ ဓါတ်ပုံ-ပဲခူးတိုင်းPDF)
(ကဝ မြို့နယ်မှ ပျူ​ခေါင်း​ဆောင် တင်မြင့်။ ဓါတ်ပုံ-ပဲခူးတိုင်းPDF)

ပဲခူးတိုင်း ကဝမြို့နယ်နှင့် ​ပေါင်းတည်မြို့နယ်တို့တွင်ပျူစောထီးခေါင်းဆောင်နှစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေး အနေဖြင့် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ​ဒေသခံသတင်းရင်းမြစ်နှင့်ပဲခူးတိုင်းPDFက​ပြောသည်။

စစ်​ကောင်စီနှင့်ပူး​ပေါင်း၍ ​ဈေးအတွင်းဆက်​ကြေး​ကောက်​နေ​၍ ပြည်သူများကိုဒုက္ခ​ပေး​နေ​သောသကုန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် တင်မြင့်ကိုမတ်လ ၁၀ ရက် နံနက် ၇ နာရီခွဲတွင် သရက်ကုန်းဈေးအတွင်း သေနတ်ဖြင့်ပစ်၍ရှင်းလင်းခဲ့ကြောင်း ပဲခူးတိုင်း PDF ကသတင်းထုတ်ပြန်သည်။

“ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဧည့်ခံကျွေးမွေးစရိတ်နဲ့ သရက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ ရံပုံငွေအတွက်စျေးဆိုင်တွေကနေနေ့စဥ်ဆက်ကြေးလိုက်ကောက်တာ။ကဝ ပကဖ က သေနတ် ငါးချက်နဲ့ ပစ်ခတ်ရှင်းလင်း ” ဟု ကဝဒေသမှသတင်းများကို ဖော်ပြနေသည့် Kawa Information မှတာဝန်ရှိသူက ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှု‌ကြောင့် ပျူခေါင်းဆောင်တင်မြင့်သည် နေရာ၌ပင် ‌‌ သေဆုံးသွားခဲ့ပြီး ယခုအခါ သရက်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု​ဒေသခံအချို့က​ပြောသည်။

တင်မြင့်သည် သရက်ကုန်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီဝင်များနှင့် ပူးပေါင်း၍ ပြည်သူကို ဒုက္ခပေးနေသူဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြားကျေးရွာများသို့ ဆိုင်ကယ်ဖြင့် လှည့်လည်ရာတွင် သေနတ်လွယ် ဆိုင်ကယ်မောင်း၍ နေ့ရောညပါ သတင်းပေးလမ်းပြပြုလုပ်ခဲ့သူဖြစ်သည်ဟုသိရသည်။

သရက်ကုန်းကျေးရွာဈေးနှင့် လောင်းကစားဒိုင်များမှ ဆက်ကြေးကောက်ခံ၍ စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးထံ ဆက်ကြေးပေးသွင်းခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သေနတ်ပစ်ဖောက်လေ့ကျင့်ခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ဖိနှိပ်ငွေညှစ်ခြင်း၊ မတရားစွပ်စွဲ၍ ဖမ်းဆီးထောင်ချခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းပေးပို့ခြင်းစသည်တို့ကိုလုပ်နေသောကြောင့် ကဝမြို့နယ်ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အသိ​ပေးထားသည်။

အလားတူ ပေါင်းတည်တွင် ပျူစောထီးခေါင်းဆောင်​အောင်ဝင်း​ဌေးကိုလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ခဲ့ကြောင်း ပဲခူးတိုင်း PDFက ထုတ်ပြန်သည်။

ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သစ်ပုတ် ကျေးရွာမှ စစ်တပ်လက်​အောက်ခံပျူစောထီးခေါင်းဆောင် နှင့် လမ်းပြသတင်းပေးအောင်ဝင်းဌေးအား မတ်လ(၁၀)ရက်နေ့ နေ့လည်ပိုင်းက သစ်ပုတ်ရွာအနီး တွင် ပေါင်းတည်မြို့နယ်ပကဖနှင့် ပုတီးကုန်းမြို့နယ် ပကဖတို့ ပူးပေါင်း၍ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောင်ဝင်းဌေးသည်စစ်ကောင်စီထံ သတင်းပေးလမ်းပြပြုလုပ်နေသည့်အပြင် ညောင်နီပင်အုပ်စု ရှစ်လုံးတဲတိုက် ပျူစောထီးသင်တန်းတွင် တက်ရောက်ခဲ့သူဖြစ်သည်ဟု​ဖော်ပြထားသည်။

၎င်း၏ သတင်းပေးတိုင်တန်းမှုကြောင့် စစ်ကောင်စီမှ ဖမ်းဆီးညှင်းပမ်းနှိပ်စက်ခံရသည့် လူငယ်များ ရှိခဲ့ကြောင်း၊ ၎င်းသည် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ကြိုးကိုင်နေသူဖြစ်ပြီး ရွာစဉ်လှည့်၍ သစ်ဝယ်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းတည်နေရာများကို ထောက်လှမ်းနေသူလည်းဖြစ်ကြောင်း သိရသည်။

ပျူ​ခေါင်း​ဆောင် ၂ ဦးအားတစ်​နေတည်းပစ်ခတ်ခဲ့မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းPDF ကိုPeople’s Spring ကဆက်သွယ်​မေးမြန်းရန်ကြိုးစား​သော်လည်း ဆက်သွယ်မရ​သေးပါ။

အဆိုပါစစ်ဆင်ရေးတွင် ပျူစောထီးသတင်းပေးလမ်းပြ အောင်ဝင်းဌေးမှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

You May Also Like

သတင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တော်လှန်ရေးအင်အားစုများ ညီညီညွတ်ညွတ်ဖြစ်သွားမည်ကို အကြောက်ဆုံးဖြစ်သည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က အောက်ဝပ်ကျောက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ယင်းနေ့ည ၉ နာရီခွဲခန့်တွင် ရေကြောင်းမှ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။