Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။

မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ
မြင်းမူနယ် လက္ကပင်ရွာမှာ စစ်ကောင်စီတပ်ဖမ်းသွားတဲ့ ဒေသခံတွေ အစအနပျောက်နေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက လက္ကပင်ရွာကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ် လ ၅ ) က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာမှာ ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရပြီး အစအနပျောက်နေတယ်လို့ မြင်းမူဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ထံကသိရပါတယ်။

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။

အဲဒီနောက်ရွာထဲကနေ ပြည်ကြီးတံခွန်သပိတ်အင်အားစုဆရာတော်အပါအဝင် ဒေသခံ ၈ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်လို့ မြင်းမူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။

မန္တလေး မြို့ ပြည်ကြီးတံခွန်သပိတ်အင်အားစုဆရာတော်ဟာ စစ်ကိုင်းဘက်မှာ လာရောက်တိမ်းရှောင်ချိန်မှာ ဖမ်းခံလိုက်ရတာလည်းဖြစ်ပါတယ်။

” လောလောဆယ်အလောင်းတစ်လောင်းတွေ့ထားတယ် ၊ကျန်တဲ့သူတွေ ဘယ်အခြေအနေရှိတယ်ဆိုတာ မသိရသေးဘူးဗျ” လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

အလောင်းကို ဧရာဝတီမြစ်ထဲမှာပြန်တွေ့တာလို့သိရပါတယ်။

လက္ကပင်ရွာကို ဝင်စီးတဲ့ စစ်ကောင်စီတပ်ဟာ မြင်းမူမြို့ရဲ့ တဖက်ကမ်း စစ်ကိုင်းမြို့နယ်ထဲက တာတိုင်ရွာကို ဝင်ရောက်စီးနင်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ တပ်မ ၉၉ ဖြစ်တယ်လို့ မြင်းမူမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ဝင်က ပြောပြပါတယ်။

စစ်ကောင်စီရဲ့သတင်းတွေကို ဖေ့ဘွတ်ခ် ၊တယ်လီဂရမ်စတဲ့ လူမှုကွန်ရက်တွေ့မှာ ဖြန့်ဝေပေးနေတဲ့ လော်ဘီအကောင့်တွေမှာ တာတိုင်ရွာ နဲ့ လက္ကပင်ရွာကို ဝင်စီးတဲ့ တပ်ဟာ တပ်မ ၉၉ လက်အောက်ခံ ဘီလူးကွန်မန်ဒို အဖွဲ့ဖြစ်တယ်လို့ ဖော်ပြကြတာတွေ့ရပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ရှု​ဒေါင်းသစ်လက်ဖက်ရည်ဆိုင်အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(မတ်လ ၇ရက်)ည ၈နာရီခန့်တွင် ဝင်ရောက်အကြမ်းဖက်ပြီး လက်ဖက်ရည်သောက်နေသော အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။

သတင်း

မတ်လ ၅ရက် ညပိုင်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာသို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။