Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထယ်ဘွေးတပ်စခန်းသို့လာသည့် စစ်ကြောင်း ချင်းပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ၂၀ဦးကျော်သေ

စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုကို Peiple’s Spring ကသီးခြားအတည်မပြုနိုင်​ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရ​သေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ​ကြောင်းထုတ်ပြန်ထားသည်။

(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)
(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)

ချင်းပြည်နယ် မတူပီ-ပလက်၀လမ်းရှိ ထယ်ဘွေးတပ်စခန်းသို့ လာရောက်သည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၇ရက်မှစ၍ မတူပီမှ ထွက်ခွာလာရာ CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF) ချင်းပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ အခုနှစ် ဖေဖော်ဝါရီ ၂၇ကနေ အခု မတ်လ အကြားမှာ အဲဒီလမ်းတလျှောက်မှာ တိုက်ခိုက်မှုတွေလုပ်တာပေါ့။ တိုက်ပွဲဖြစ်နေတာပေါ့။ အဓိကတော့ ဖေဖော်ဝါရီ ၂၇မှာ ထယ်ဘွေးနဲ့ မတူပီကြားရှိတဲ့ လိုင်လင်းပီမြို့ အဲဒီ တစ်မိုင်ခန့်မှာ တစ်နာရီကျော်ကြာ တိုက်ခိုက်မှု ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၁ဦးသေပြီး ၅ဦး ဒဏ်ရာရတယ်။ ၂၈ရက် ဖေဖော်ဝါရီမှာ တစ်ခါ တိုက်ပွဲ ပစ်ခတ်မှု ပြန်ဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီက ၄ဦးသေဆုံးပြီး ၁၀ယောက်ထက်မနည်း ဒဏ်ရာရမယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီကPeople’s Spring သတင်းဌာနသို့ပြောသည်။

မတ်လ၃ရက်နေ့ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးပြီး မတ်လ ၅ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရသည်ဟု ၎င်းကဆက်​ပြောသည်။

(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)
(CNF/CNA တပ်ဖွဲ့ဝင်များနှင့် ပလက်ဝCDF တပ်ဖွဲ့ဝင်အချို့ကို​ရှေ့တန်းတစ်​နေရာတွင်​တွေ့ရစဥ်။ဓါတ်ပုံ-CNA၊CDF)

ထို့အပြင်ပလက်၀ CDFကလည်း မတ်လ ၈ရက်နှင့် ၉ရက်နေ့ တိုက်ပွဲများကို ဖော်ပြခဲ့ရာ ပလက်၀နယ် ကိန်းကန်းကုန်း ရွာ နှင့် စခီဟာရွာအကြား၌ ထယ်ဘွေးစခန်းသို့ အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ ထို့ပြင် မတ်လ ၉ရက်တွင်လည်း တိုက်ပွဲ ၂ကြိမ်ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို​ကြောင့် ​ဖေ​ဖော်ဝါရီလ ၂၇ ရက်မှ မတ် ၅ ရက်အတွင်းတိုက်ပွဲများတွင်စစ်သား ၁၅ ဦးဝန်းကျင်​သေဆုံး​ပြီး ၂၂ ဦးဒဏ်ရာရရှိကြောင်းချင်းအမျိုးသားတပ်မတော်(CNF/CAN) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ​ပြောသည်။ ပလက်ဝCDF ထုတ်ပြန်ချက်အရ မတ် ၈၊ ၉ ရက်တိုက်ပွဲတွင်စစ်သား ၁၃ ဦး​သေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့၍ နှစ်ပါတ်အတွင်းစစ်သား ၂၈ ဦးဝန်းကျင်​သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုကို Peiple’s Spring ကသီးခြားအတည်မပြုနိုင်​ပါ။တိုက်ပွဲများတွင် ချင်းတပ်ဖွဲ့ထိ့ခိုက်ကျဆုံးမှုကိုမူ မသိရ​သေးပါ။ပလက်ဝ CDF က တိုက်ပွဲများတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိ​ကြောင်းထုတ်ပြန်ထားသည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှု ငြိမ်သက်နေသည့် မတူပီ – ပလက်၀ အကြားတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။

You May Also Like

သတင်း

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

သတင်း

မတ်လ ၉ရက်တွင် မိုင်းကွင်းများပတ်ပြီးလာရောက်သည့် စစ်ကောင်စီတပ်သည် ပေါက်မြို့နယ် ညောင်ဝန်းမြောက်စုကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဖေဖော်ဝါရီ ၂၆ရက် ကလည်း တာတမောစခန်းမှ ရှားတော ဗျူဟာကုန်းသို့ ရီက္ခာပို့ရန် ဆောင်ရွက်နေစဉ် KA နှင့် KNDF ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၅ဦးသေဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

သတင်း

မတ်လ ၉ရက်တွင် ပလက်၀မြို့နယ် ကိန်းကန်းကုန်းရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတစ်နေရာတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နံနက် ၁၁နာရီခန့်တွင် မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လည်ပိုင်းတွင် မိစနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်။