Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆင်ပေါင်ဝဲတွင် စစ်ကောင်စီက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး ပြည်သူများဖမ်းဆီးသည့်အပြင် ရွှေထည်ပစ္စည်းများပါလုယူနေ ဒေသခံများပြော

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

(ကိုးပင် - သာဂရ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)
(ကိုးပင် - သာဂရ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်)

မကွေးတိုင်း အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ဝင်ရောက်ကာ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများက People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့ (မတ် ၁၀ ရက်)က အင်အား (၇၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လဲဇင်အုပ်စု လဲဇင်ကျေးရွာသို့ဝင်ရောက်ပြီး ရွာခံများဖြစ်သော ဦးတင်ဝင်းအောင်၊ ဦးတင်လင်းထွန်း၊ဦးကျော်ဆန်းလင်း၊ ဦးမြင့်ဦး၊ ဦးကျော်သန်းနှင့် ဦးကျော်လင်းနိုင်တို့ခြောက်ဦးကို မတရားဖမ်းဆီးသွားသည်ဟု ဆိုသည်။

“ တစ်အိမ်တက်ဆင်းလိုက်ပြီးတော့ PDF တွေရှိမရှိ လိုက်စစ်နေတာ။ ဆက်စပ်မှုရှိတယ်ထင်တဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် လဲဇင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ နွားနှစ်ကောင်အား ရိက္ခာအဖြစ်ယူဆောင်သွားကာ ရွှေတစ်ကျပ်သားနှင့် ငွေကျပ်ငါးသိန်းကိုပါ လုယူသွားကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၈ ရက်နှင့် ၉ ရက်များတွင်လည်း ဆင်ပေါင်ဝဲမြို့နယ်အတွင်း ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ရာ ယနေ့(မတ် ၁၁) အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။

“ အခုက ထပ်အဖမ်းခံရတာ။ တခြားကျေးရွာတွေရောထည့်တွက်ရင် ၁၅ ဦးလောက်ရှိနေပြီ” ဟု ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား (၃၀၀)ခန့်သည် ကိုးပင် – သာဂရလမ်းပိုင်း လမ်းဘေးဝဲယာရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပဲခူးရိုးမအတွင်း နယ်မြေရှင်းလင်းရေးလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

You May Also Like

သတင်း

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သတင်း

ဒီး​မော့ဆိုမြို့နယ်အ​ရှေ့ခြမ်းတွင်ပင် စစ်​ဘေး​ရှောင်ပြည်သူ၁၅၀၀၀ ​ကျော်ရှိ​နေပြီး ထပ်မံတိုးလာဦးမည်ဖြစ်​ကြောင်းလည်းကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ကခန့်မှန်းထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

တပေါင်းလပြည့်နေ့ဖြစ်တဲ့ မတ်လ ၅ ရက် မနက်ပိုင်း ဝေလီဝေလင်း ၅ နာရီဝန်းကျင်မှာ မြင်းမူမြို့နယ် လက္ကပင်ရွာကို စစ်ကောင်စီတပ်က ဝင်စီးခဲ့တာပါ။