Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်၊ ကချင်ရိုးရာယဥ်​ကျေးမှုရုံးကိုစစ်တပ်ကစီးနင်းပြီးရှိ​နေသူ ၁၀ ဦးထက်မနည်းကိုဖမ်းဆီး

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People’s Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်တစ်​နေရာတွင် ၂၀၂၁ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကချင်ပြည်နယ်တစ်​နေရာတွင် ၂၀၂၁ ခုနှစ်က​တွေ့ရစဥ်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရုံးအတွင်းရှိနေသူဆယ်ဦးထက်မနည်းကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း​ဒေသခံများက​ပြောသည်။

ဖားပြင်ကျေးရွာရှိကချင်ရိုးရာယဉ်ကျေးမှုရုံးကို ယမန်နေ့ (မတ်လ ၁၁ရက်) နေ့လည် ၁၁နာရီ ၄၀မိနစ်တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ ကားငါးစီးနဲ့ စစ်​ေ-တွေဝင်လာတာ။တွေ့ရာလူဖမ်းသွားတာပါ။ ကချင်တွေရော ဗမာတွေရော ပါပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People’s Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

Public Service Announcement
Public Service Announcement

ဒေသခံအချို့ကမူ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေသည်ဟုသတင်းရရှိကာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောသည်။

” ဒလန်က အဲ့ဒီအတိုင်းသတင်းပေးလို့ လာဖမ်းတယ်လို့ သိရတယ်။ ဒီရက်ပြည်သူတွေ၊တော်လှန်ရေးအင်အားစုတွေ တောက်လျှောက်အဖမ်းခံနေရတယ်။ သတင်းပေးဒလန်တွေ တော်တော်မွှေနေတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

မတ်လ ၆ရက်ကလည်း ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ တန့်ဆည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပါတီဝင် ဒေါ်မာမာအေးသည် ဖားပြင်ကျေးရွာ၌ လာရောက်တိမ်းရှောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

You May Also Like

သတင်း

မတ်လ ၁၁ ရက်​နေ့က နယ်စပ်မှတ်တိုင် BP-8 နှင့် BP-9 အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ KMICကထိုသို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီးမောဆိုအရှေ့ခြမ်းသို့ ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ်သည် အထိနာခဲ့သဖြင့် စစ်ရဟတ်ယာဉ်များအသုံးပြု၍ လာရောက်ပစ်ခတ်ခဲ့​ကြောင်းသိရသည်။

သတင်း

ကရင်နီပြည် ဆိုတရှားမြို့နယ်(ရှားတော)တွင်ရှိသည့်ကရင်နီတပ်မတော်တပ်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်မှ တပ်ရင်း(၃)ရင်းပူးပေါင်း၍ မတ်၁၁ ရက်တစ်​နေကုန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

သတင်း

မတ်လ ၁၀ရက် ညက ဖားကန့်မြို့၊မော်မောင်းလျှံမှော်အနီးတွင် ဆိုင်ကယ်စီးလာ​သော လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားနှင့်ရဲ ပူး​ပေါင်းအဖွဲ့က ​သေနတ်ဖြင့် ပစ်သတ်ခဲ့​​​ခြင်းဟု ဒေသခံများက ပြောသည်။