Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ဖိုလ်ဝင်တောင်အနီးရှိ ရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပြ​ည်သူ့ပစ္စည်းများအား ခိုးယူကာ ညနေပိုင်းတွင် ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်
ဆားလင်းကြီးမြို့မရဲစခန်းကို တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force – SSTFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၂ရက်) နံနက်၁၀နာရီခန့်က Salingyi Special Task Force – SSTF (ယင်မာပင်ခရိုင် တပ်ရင်း -၁၄ ၊ – ၁၅ )တို့သည် စစ်ကောင်စီ အထိုင်ချတပ်စွဲထားသော ဆားလင်းကြီးမြို့ရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က တပ်သားတစ်ဦးသေဆုံးပြီး စစ်သားနှင့်ရဲ အများအပြား အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကြောင်း SSTFအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဆင်ရေးကို Salingyi Special Task Force – SSTFနှင့် စစ်ကိုင်းခရိုင် တပ်ရင်း – ၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ CHU – ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အသိပေးသည်။

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ဖိုလ်ဝင်တောင်အနီးရှိ ရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပြ​ည်သူ့ပစ္စည်းများအား ခိုးယူကာ ညနေပိုင်းတွင် ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

အဆိုပါ စစ်ကြောင်းရဲစခန်းအတွင်း ရှိနေစဥ် ညနေ ၅နာရီခန့်တွင် အခြားမဟာမိတ်လက်နက်ကြီးအဖွဲ့များနှင့် ပူးပေါင်း၍ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့က ထပ်မံထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနိုင်ပြီး ရဲဘော်များ အထိအခိုက်မရှိဟုဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Salingyi Special Task Force – SSTF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆားလင်းကြီးနယ်မြောက်ခြမ်းတွင်လည်း ယနေ့ မတ်လ ၁၃ ရက်နေ့နံနက်ပိုင်းတွင် ညောင်ပင်ကြီးစခန်းရှိ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ပစ်ခတ်နေကြောင်း၊ မြို့ပေါ် စစ်ကြောင်းသည် လည်း ဆေးရုံတစ်ဖွဲ့ စက်မှု ၁ တစ်ဖွဲ့ ရောက်ရှိနေကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

မတ်လ ၉ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားကြောင်းGolden Eagle Force အဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

မတ် ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် ၊ စုစုပေါင်း စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှ​သေဆုံးဒဏ်ရာရရှိသူများရှိ​သော်လည်းအ​ရေအတွက်ကို အတည်မပြုနိုင်​ကြောင်းသိရသည်။

သတင်း

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။