Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ GTC ကျောင်းပေါက်ရှိ စစ်အုပ်စုဂိတ်တိုက်ခိုက် ရာ ၅ဦးသေဟု PDFပြော

မတ်လ ၉ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားကြောင်းGolden Eagle Force အဖွဲ့က ထုတ်ပြန်ထားသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - Cj)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ။ ပုံအဟောင်းကို အသုံးပြုထားပါသည်။ ဓာတ်ပုံ - Cj)

▪️အနက်ရောင်စစ်ဆင်ရေး အရှိန်မြှင့်နေ၍ ညနေ ၅ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် မုံရွာအခြေစိုက် PDFအဖွဲ့များ သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ နည်းပညာကောလိပ် (GTC) ကျောင်းဝင်ပေါက်ရှိ ကင်းစောင့် စစ်ကောင်စီတပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ ၅ဦးသေဆုံးကြောင်း Area 71 PDF Monywa One Local People Defence Forceအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (မတ်လ ၁၃ရက်)နံနက် ၁၁ နာရီခန့်က မုံရွာမြို့၊ GTCကျောင်း ဝင်ပေါက်တွင် ကင်းချထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညီနောင် ငါးဖွဲ့က ကားပေါ်မှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းArea 71 PDF Monywa One Local People Defence Force အဖွဲ့က အသိပေးသည်။

ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများမှာ ပြန်လည်ပစ်ခတ်ချိန်မရဘဲ ငါးဦးမှာ နေရာပင် ပွဲခြင်းပြီး သေဆုံးသည်ကို တွေ့ရှိခဲ့ကြောင်း Area 71 PDF အဖွဲ့က ပြောသည်။

ပစ်ခတ်တိုက်ခိုက်အပြီးတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ သံပြားကာ နှစ်စီး အင်အားအပြည့်ဖြင့် မုံရွာမြို့ တောင်ဘက် ထွက်ရှိလာ၍ စစ်ဆင်ရေးရဲဘော်များဆုတ်ခွာခဲ့ရာ အထိအခိုက်မရှိဘဲ လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Area 71 PDF အဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Area 71 PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုကိုလည်း ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

“ မနက်က ဝင်ပစ်သွားတယ်ကြားတယ်။ ပစ်တာကတော့နေ့တိုင်းလိုလိုပဲ။ အခုနေ့လယ်ပိုင်းကို စီးပွားရေးဘဏ်နား တစ်ချက်ဖောက်တာကြားလိုက်တယ်။” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Area71PDF Monywa One Local People Defence Force၊ Burma Independence Army၊ Ronin Thirteen People’s Force၊ Yuoth Revolation Attack Force၊Monywa People’s Liberation Force အဖွဲ့(၆)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာမြို့တွင် အနက်ရောင်စစ်ဆင်ရေးအရှိန်တိုးမြှင့်နေ၍ ညနေ၅ နာရီနောက်ပိုင်း အပြင်မထွက်ကြရန် မုံရွာအခြေစိုက် PDFအဖွဲ့များက သတိပေးကြေညာသည်။

မတ်လ ၉ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့စက်မှုဇုန်လမ်းခွဲတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးခြေထောက်ထိမှန်သွားကြောင်းGolden Eagle Force အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးကို Thunderbird local Defense force၊ အညာညီနောင်တပ်ပေါင်းစု(ABCF)၊ တောင်သူလယ်သမား စစ်သည်တော် များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ယမန်နေ့ကပင် စစ်ကောင်စီတပ်သည် ဖိုလ်ဝင်တောင်အနီးရှိ ရွာများအား ဝင်ရောက်မွှေနှောက်ဖျက်ဆီးပြီး ပြ​ည်သူ့ပစ္စည်းများအား ခိုးယူကာ ညနေပိုင်းတွင် ဆားလင်းကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သတင်း

မတ် ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် ၊ စုစုပေါင်း စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဆေးရုံ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်း(ယနေ့မနက် အစောပိုင်း)၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။