Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကျင်မြို့နယ်တွင် ဆက်ကြေးကောက်ကြမ်းသည့် တပ်ကြပ်ကြီးကို ပစ်ခတ်အရေးယူ

ယမန်နေ့ (မတ် ၁၂ ရက်)နေ့လယ် ၁၂ နာရီက ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အကောက်ခွန်ကောက်နေသော တပ်မ (၅၉၈)မှ တပ်ကြပ်ကြီး ငပေါက်ဆိုသူအား သွားရောက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

(တပ်ကြပ်ကြီး ဦးငပေါက်ထံမှ သိမ်းဆည်းရမိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဥ်။ ဓာတ်ပုံ - Soul Takers)
(တပ်ကြပ်ကြီး ဦးငပေါက်ထံမှ သိမ်းဆည်းရမိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဥ်။ ဓာတ်ပုံ - Soul Takers)

ပဲခူးခရိုင် ရွှေကျင်မြို့နယ် ညောင်ခြေထောက် လှေဆိပ်တွင် ဆက်ကြေးအဓမ္မကောက်ခံမှုဖြင့် နာမည်ဆိုးထွက်နေသည့် စစ်ကောင်စီ​၏ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်အရေးယူ ရှင်းလင်းလိုက်ကြောင်း Soul Takers Yangon Underground Force က ယနေ့ (မတ်လ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (မတ် ၁၂ ရက်)နေ့လယ် ၁၂ နာရီက ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အကောက်ခွန်ကောက်နေသော တပ်မ (၅၉၈)မှ တပ်ကြပ်ကြီး ငပေါက်ဆိုသူအား သွားရောက်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

“ သူက အဲနယ်မှာ နာမည်ကြီးပဲ။ မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတာ။ တစ်ချက်ပဲပစ်လိုက်တာ။ သေကောပဲဗျ” ဟု Soul Takers မှ ပြန်ကြားရေးတာဝန်ခံက People’s Springသို့ ပြောသည်။

Soul Takers Yangon Underground Force သည် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုဖြစ်သော်လည်း လက်ရှိတွင် ရန်ကုန်မြို့ကို ခေတ္တစွန့်ခွာခဲ့ရ၍ ရောက်သည့်ဒေသတွင် စစ်အာဏာရှင်နှင့် ၎င်း၏ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့တာဝန်ခံက ရှင်းပြသည်။

တပ်ကြပ်ကြီးငပေါက်အား ရှင်းလင်းမှုတွင် ၎င်းထံမှ MA 3 ပြောင်းရှည်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ကျည် ၅၄ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Soul Takers အဖွဲ့က အသိပေးသည်။

ယခုအချိန်တွင် ရဲဘော်များသက်ဆိုင်ရာ လွတ်မြောက်နေရာသို့ လုံခြုံစွာရောက်ရှိဘေးကင်းသွားပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်စစ်တပ်ကို မည်သည့်အကြောင်းကြောင့်မှ အရှုံးမပေးဘဲ အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဖမ်းဆီးခံရသူမှာ စစ်ကောင်စီတပ်၏ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်ရိုက်နှက်ခြင်း ခံရသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး ဆေးရုံတင်ထားစဥ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သတင်း

မတ်လ ၈ ရက် နံနက်ပိုင်းကလည်း မုံရွာမြို့ ညောင်ပင်စောက်လဝကရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

သတင်း

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် သိုက်တူးကုန်းမှ ပြည်သူနှစ်ဦး၊ ဝိုင်းကျေးရွာမှ တစ်ဦးနှင့် ကွင်းဒလရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။