Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ညီနောင်မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည်။

ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဆားလင်းကြီးမြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား မီးရှို့ဖျက် ဆီးနေ၍ မြို့မရဲစခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း၁၆ တပ်ခွဲ(၁) Brother Defense Forceအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇန်နဝါရီ ၆ ရက် ည ၁၁နာရီခွဲခန့်မှစ၍ ဆားလင်းကြီးမြို့မရဲစခန်းအား ညီနောင်မဟာမိတ်များက လက်နက်ကြီး၊ တာဝေးပစ် (၆၀) မမ၊(၈၀) မမ၊ (၁၂၀) မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများရှိခဲ့ညီနောင်မဟာမိတ်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည်။

ဆားလင်းကြီးမြို့နယ်တွင်းသို့ စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသောကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brother Defense Forceအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျေးရွာတွေကို တိုက်ပွဲမရှိဘဲနဲ့ မီးရှို့တယ်။ ဒါကြောင့်လက်တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာပါ။ အချိန်ကတော့ တစ်နာရီလောက်ကြာတယ်။ စခန်းထဲကျရောက်ပေါက်ကွဲတယ်။ အပျက်အစီးအတိအကျမသိရသေးဘူး။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင်တပ်ရင်း – ၁၆ တပ်ခွဲ(၁) Brother Defense Forceအဖွဲ့ ၊ salingyi သမန်းကျားပြောက်ကျားတပ်ဖွဲ့၊မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ ဆားလင်းကြီး(ခွဲ) တစ်ကိုယ်တော်သုဘရာဇာနှင့် အခြားမဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သ​ည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်ကာ ယနေ့အထိ ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာအများအပြားအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

သတင်း

"ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်"ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

သတင်း

အဆိုပါတိုက်ခိုက်မှုကို ချက်ချင်းသတင်းမထုတ် ပြန်ခဲ့ခြင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့သည့် PDF ရဲဘော်များ၏ လုံခြုံရေးကြောင့်ဖြစ်ပြီး လက်ရှိတွင်ဘေးကင်းရာသို့ ရောက်ရှိပြီဟု ဒေသခံက ပြောသည်။