Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံအရှေ့ခြမ်းတိုက်ပွဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟုကရင်နီတပ် ပြော

စစ်​ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှစစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် မတ်လ ၁၀ ရက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ထိုးစစ်ဆင်လာ​သောစစ်​ကြောင်းများပြ​​မြေပုံ ။ကိုးကား-KNDF
ကရင်နီပြည်နယ်တွင် စစ်​ကောင်စီတပ်ထိုးစစ်ဆင်လာ​သောစစ်​ကြောင်းများပြ​​မြေပုံ ။ကိုးကား-KNDF

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“အဲဒီမှာ KNDF တပ်တွေရှိတယ်။ KNDF/PDFပေါ့။ သူတို့ (စစ်ကောင်စီတပ်)နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်လာတာ။ သူတို့ ၁၂ဦး ကျတယ်။ ၁၀ယောက်ကျော်ဒဏ်ရာရယ်။ ဖြစ်တာက ရှမ်းပြည်နယ်နဲ့ ကရင်နီ နယ်စပ်ပေါ့။ လွိုင်ကော်မြောက်ဘက် ဖယ်ခုံမြို့နယ် အရှေ့ခြမ်း မိုးဗြဲဆည်ရဲ့ အရှေ့ဘက်ပေါ့။နေရာအတိအကျက ရွှေသန်းတာဝါတိုင်လို့ခေါ်တယ်” ဟု ခူညေးရယ်က ပြောသည်။

ဖယ်ခုံPDF မှ တတိုက်ပွဲဝင်ရဲ​ဘော်တစ်ဦး။ဓါတ်ပုံ-PDFဖယ်ခုံ
ဖယ်ခုံPDF မှ တတိုက်ပွဲဝင်ရဲ​ဘော်တစ်ဦး။ဓါတ်ပုံ-PDFဖယ်ခုံ

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က အထိနာသဖြင့်လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထို့အပြင်ယမန်နေ့က ဒီးမော့ဆိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိ​ကြောင်း ခူညေးရယ်က ပြောသည်။

Public Service Announcement
Public Service Announcement

“မနေ့ဒီးမော့ဆိုမှာလည်း ဖြစ်တယ်။ ဒေါတမကြီးအုပ်စုပေါ့။ အခုထိ သတင်းအတိအကျမရသေးဘူး။အဲဒီမှာစစ်ကောင်စီဘက်က ၂ဦး ၃ဦး ကျတယ်ကြားတယ်” ဟုခူညေးရယ်က ပြောသည်။

စစ်​ကောင်စီတပ်သည် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှစစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် မတ်လ ၁၀ ရက်မှစ၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-MB-PDF
မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ။ဓါတ်ပုံ-MB-PDF

မတ်လ ၁၀ ရက် ဒီး​မော့ဆို မြို့နယ်အ​ရှေ့ခြမ်းတိုက်ပွဲတွင်စစ်တပ်မှ ၁၆ ဦး​သေဆုံး​ကြောင်းKNDF ကထုတ်ပြန်သည်။

မတ် ၁၁ ရက်တိုက်ပွဲများတွင် နယ်စပ်ရှိကရင်နီ တပ်မ​တော်(KA)စခန်းတစ်ခုကို သိမ်းပိုက်ရန် ထိုးစစ်ဆင်​သောစစ်တပ်၏ တပ်ရင်း ၃ ရင်းတစ်​နေကုန်တိုက်ပွဲဖြစ်ရာ အထနာ၍ ပြန်ဆုတ်သွားပြီး အ​လောင်း ၂ ​လောင်းနှင့် ခဲယမ်း၊စစ်ဘက်သုံးပစ္စည်းများသိမ်းဆည်းရရှိ​ကြောင်း KA နှင့်KMIC တို့ကထုတ်ပြန်သည်။

အလားတူ မတ် ၁၁ ရက်က ပင်​လောင်းမြို့နယ် နမ်းနှိန်းရွာတိုက်ပွဲတွင်စစ်တပ်အထိနာပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်း KRU ကလည်းထုတ်ပြန်ထားသည်။

You May Also Like

သတင်း

MNDAA တိုင်းရင်းသားတပ်မဟာ(၆၁၁)နှင့် စစ်ကောင်စီ၏ နမ့်ပုံ အခြေစိုက် ခလရ(၂၉၁) တပ်တို့သည် ၂၀၂၂ နိုဝင်ဘာအတွင်းကလည်း လားရှိုးမြို့နယ်အတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။

သတင်း

ယမန်နေ့ (မတ် ၁၂ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်က ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ ယုံဖြူတောင် ၌တပ်စွဲထားသော စရဖရုံးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

သတင်း

အဆိုပါ စစ်ကောင်စီယာဉ်တန်းတွင် အင်အား ၁,၀၀၀ ကျော်ပါဝင်နိုင်ပြီး စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်နှင့် ကချင်ပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းနိုင်ကြောင်း ကသာနှင့် ထီးချိုင့်မြို့နယ် မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များက မှတ်ချက်ပြုသည်။

သတင်း

ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (ဖး်ခုံ)၊ PDF (မိုးဗြဲ)၊ PNDF(KK)၊SSRY၊KRU နှင့် အခြားမဟာမိတ်တပ်ပေါင်စုများကခုခံတိုက်ခိုက်​နေသည်။