Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ်တွင်တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

တိုက်ပွဲတွင် PDF တပ်​ပေါင်းစုမှ ဆုံးရှုံးခဲ့သာ​သေနက်​ ၄ လက်နှင့်ကျည်အချို့ပုံကိုစစ်​ကောင်စိဝါဒဖြန့်ဆိုရှယ်မီဒီယာအ​ကောင့်များကတင်ထား​သော​ပုံ။
တိုက်ပွဲတွင် PDF တပ်​ပေါင်းစုမှ ဆုံးရှုံးခဲ့သာ​သေနက်​ ၄ လက်နှင့်ကျည်အချို့ပုံကိုစစ်​ကောင်စိဝါဒဖြန့်ဆိုရှယ်မီဒီယာအ​ကောင့်များကတင်ထား​သော​ပုံ။

▪︎ပု​လောမြို့နယ်တွင် စစ်​ဘေး​ရှောင် ပြည်သူနှစ်​သောင်း​ကျော်ရှိလာ

တနသ်ာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်ပေါင်းစုများတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၁)၊ ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

မတ် ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲကပုလော-မြိတ်လမ်းပိုင်း(ပြည်ထောင်စုလမ်းမကြီး)အနီးကဗျာကျေးရွာနားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်းအား မြိတ်ခရိုင် တပ်ရင်း (၁)နှင့် ပုလော ပ.က.ဖ တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

တိုက်ပွဲမှာအပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့ပြီး PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရာ ၎င်းကျဆုံးရဲဘော်အားသယ်ဆောင်၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း တပ်ရင်း (၁)မှ တာဝန်ရှိသူက​ပြောသည်။

စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ
စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ

တောလမ်းအတိုင်း တပ်ဆုတ်လာစဥ် ည ၇ နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် လမ်းခုလပ်၌ ထိပ်တိုက်တိုးကာ ဒုတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု၎င်းကဆက်​ပြောသည်။

“ ထိပ်တိုက်တွေ့ဆိုရင် ကျနော်တို့ရဲဘော်တွေက ရွာသားတွေနဲ့လူးမှားပြီး ရေတောင်တောင်းသောက်လိုက်သေးတယ်။ အဲဒီမှာ သူတို့ကမ်းလာတဲ့ခွက်ကိုကြည့်တော့မှ ဟာစစ်ခွေးတွေသုံးတဲ့ခွက်ပဲဆိုပြီးအနီးကပ်ဝင်လုံးရင်းတိုက်ခိုက်ရတာ” ဟု မြိတ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ
စစ်​​ဘေး​ရှောင် ပြည်သူအချို့ ။ဓါတ်ပုံ-CJ

အဆိုပါ အင်အား (၁၅၀)ဝန်းကျင်ခန့်ပါ စစ်ကောင်စီတပ်ခြေကျင်စစ်ကြောင်းသည် ပုလော-မြိတ်ကားလမ်းတလျှောက်နှင့် လမ်းဘေးဝဲယာ ကျေးရွာများသို့ စစ် ကြောင်းထိုးဝင်ရောက်လျှက်ရှိရာ ကဗျာကျေးရွာအနီးမှ လက်ပံပြင်စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်မှာ အခြားတစ်နေရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် ပုလောမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်များက ကျေးရွာများသို့ဝင်ရောက်ကာ ဓားစာခံဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် တစ်မြို့နယ်လုံးတွင် စစ်ရှောင်ပြည်သူ ၂၀,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။