Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်နယ်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးများဖြင့်လည်း ရမ်းပစ်နေ

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)
(မင်းတပ်မြို့ရှိ ခလရ (၂၇၄)တပ်အား ဝေဟင်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CDF - Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်သို့ စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းတွင် လေကြောင်း တိုက်ခိုက် မှုလုပ်ဆောင်ခဲ့ကြောင်း ဒေသခံအချို့က အသိပေးသည်။

စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းက တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အချက် ၄၀ကျော် ပစ်ခတ်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးက ၎င်း၏ Facebookမှ တဆင့် အသိပေးထားသည်။

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ စစ်ကြောင်းကတော့ ထီလင်းဘက်ကို တဝက်တပြတ်သွားပြီးတော့ ခြေရာဖျောက်ထားတယ်။ ကျနော်တို့ ဆောမြို့နယ်ကို ထိုးလာတဲ့ စစ်ကြောင်းကလည်း ဘယ်ရောက်နေတယ်ဆိုတာ မသိရသေးဘူး။ ဘာမှ မသိရသေးတဲ့အတွက် ပြည်သူတွေက နားစွန့်ပြီးနေကြတယ်။ မနေ့ညကတော့ လေယာဉ်ကတော့ ချင်းပြည်နယ်ဘက်မှာ ၅ချက်လောက်ပစ်တယ်။ မင်းတပ် အနောက် ၁၄မိုင်လောက် ချင်းပြည်နယ်ဘက်ကို ပစ်တယ်။ည ၉နာရီ ၁၄မိနစ်မှာ။ သူတို့ ခလရ (၂၇၄)တပ်ရင်းကလည်း အမြောက်တွေနဲ့ ပစ်တယ်။ ကျောက်ထု အမြောက်တပ်ကလည်း ပစ်တယ်။ အချက်ပေါင်း ၅၀လောက်”ဟု ဆောဒေသခံက ပြောသည်။

စစ်ကောင်စီတပ်လေယာဉ်သည် ဆောမြို့နယ်ဘက်သို့ နှစ်ကြိမ် ဝဲပျံခဲ့သော်လည်း ပစ်ခတ်မှုမရှိဟု ဒေသခံက ပြောသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။