Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တွင် အရပ်ဝတ် အိမ်စီးကားဖြင့် လူငယ်များလိုက်လံဖမ်းဆီးနေသည့် ထလရ(၁၆) ကင်းတဲ လက်ပစ်ဗုံးဖြင့်တိုက်ခိုက်

“ ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

(မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ)
(မန္တလေးမှာ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း) ဓာတ်ပုံ − ရိုက်တာ)

မန္တလေးမြို့တွင် အရပ်ဝတ်ဝတ်ဆင်ကာ အိမ်စီးကားဖြင့်လှည့်လည်ကာ လူငယ်များ လိုက်လံဖမ်းဆီးနေသည့် စစ်ကောင်စီ​၏ ထလရ(၁၆)ကင်းတဲဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေး(AST-MDY)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁၄ ရက် နေ့လည် ၂ နာရီကျော်တွင် အဆိုပါစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဗုံးပစ် သည့်အချိန်တွင် ကင်းတဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးရှိကြောင်း ၎င်းက ဆိုသည်။

တိုက်ခိုက်မှုကြောင့် ဂိတ်အမိုးပွင့်ထွက်သွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

“ စကစနှင့် သက်ဆိုင်သည့် မည်သည့်နေရာမဆို ကျွန်ုပ်တို့ အောင်စည်တော်စစ်ဆင်ရေး ရဲဘော် များမှ စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်သည်။” ဟု AST-MDY ကသတိပေးထားသည်။

You May Also Like

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

သတင်း

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ - ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

သတင်း

မတ်လ၁၂ရက်ကလည်း ဆားလင်းကြီးမြို့ရဲစခန်းအား တစ်ရက်တည်းနှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများနိုင်ကြောင်း Salingyi Special Task Force - SSTFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သတင်း

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။