Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကြိုပင်ကောက်မြို့နယ်တွင် ပျူအဖွဲ့တိုက်ခိုက်ရာ အုပ်ကြီးအပါအဝင် သုံးဦးသေ

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

(ရှင်းလင်းခံရသည့် အေးထွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှင်းလင်းခံရသည့် အေးထွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကြိုပင်ကောက်မြို့နယ်တွင် ကင်းစောင့်ရန် စုဝေးနေသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူသုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသွားကြောင်း ပဲခူးတိုင်း‌စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာ၌ ကင်းစောင့်ရန် စုဝေးနေသည့် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအေးထွန်းနှင့် ပျူစောထီးအဖွဲ့အား မတ်လ ၁၃ရက် ည၁၀နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းတာပါ။ စစ်ကောင်စီနဲ့ စစ်ကောင်စီဒလန်တွေကို ဆက်ပြီး စိစစ်ရှင်းလင်းသွားဖို့ရှိတယ်” ဟု ပဲခူးတိုင်း‌စစ်ဒေသခွဲမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးအဖွဲ့ကလည်း လက်ပစ်ဗုံး၊ တ‌စ်ထောင့်ထိုးသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ပဲခူးတိုင်း‌စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အေးထွန်းနှင့် ပျူစောထီးနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

သတင်း

"ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။

သတင်း

အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။