Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းစစ်တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ကျုးလွန်ခဲ့

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၅ လအကြာ ကနေ စတင်ကျုးလွန်လာပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိုမိုးဆိုးရွာလာတယ်လို့ NUG က ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ကျုးလွန်ခဲ့
အာဏာသိမ်းစစ်တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ကျုးလွန်ခဲ့

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူ ၅ ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ်ပေါင်း ၆၄ ကြိမ် ကျုးလွန်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ၇၆၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီနေ့ညနေပိုင်း မှာထုတ်ပြန်လိုက်ပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီး ၅ လအကြာ ကနေ စတင်ကျုးလွန်လာပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပိုမိုးဆိုးရွာလာတယ်လို့ NUG က ဆိုပါတယ်။

NUG ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်က စစ်ကိုင်းတိုင်း ၊ကနီမြို့နယ် ၊ယင်းရွာမှာ အရပ်သား ၃၄ ဦးကို သတ်ဖြတ်မှုနဲ့ စစ်ကောင်စီတပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ မှုမှာ ပြည်သူ ၇၆၆ ဦးသတ်ဖြတ်ခံရပြီး အဲဒီအထဲမှာ အမျိုးသား ၄၈၂ ဦး ၊ အမျိုးသမီး ၇၈ ဦးပါဝင်ကာ ကျန်တဲ့ ၂၀၆ ဦးရဲ့အလောင်းတွေကိုတော့ ကျား၊မ စစ်ဆေးဖို့ မလွယ်ကူခဲ့ဘူးလို့ NUG ကပြောပါတယ်။

ကျားမ ခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၅၅၉ လောင်းမှာ အသက် ၆၀ အထက် သက်ကြီးရွယ်အို ၄၂ လောင်းပါပြီး၊ အသက် ၁၈ နှစ်အောက် အသက်မပြည့်သေးတဲ့သူ ၆၂လောင်း ထိပါခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို အများဆုံးခံရတဲ့ဒေသဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၄၆ ကြိမ် ရှိခဲ့ကာ စစ်ကိုင်းဒေသခံ ပြည်သူ ၄၄၉ ဦး သေဆုံးခဲ့ရပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီလက်ပါးစေ PNO/PNA ပြည်သူစစ်ကလည်း မတ်လ ၁၄ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ နမ့်နိန်းရွာ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကို KNDF အပါအဝင် တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်သည်ဟု လိမ်ညာဖော်ပြခဲ့သည်။

သတင်း

KNDF ကမူ မတ်လ ၁၂ ရက်တွင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူရုပ်အ​လောင်း ၂၈ ​လောင်း​တွေ့ရှိရ​ကြောင်းထုတ်ပြန်ထားသဖြင့် ယခုထုတ်ပြန်ချက်ထက် ၇ ဦးပိုများသည်။ထို​ကြောင့် ကျန် ၇ ဦး၏ ရုပ်အ​လောင်းနှင့် ပတ်သပ်၍ People's Spring ကစုံစမ်း​နေဆဲဖြစ်ပါသည်။

သတင်း

မတ်လ ၅ ရက်ကလည်း မြောင်မြို့နယ်ရှိ CDSOM တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး အသုံးအဆောင်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရသည်။

သတင်း

နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ယခုလက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်ဒေသတွင် သာမကပဲ မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။