Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီး​မော့ဆိုတွင် စစ်ရဟတ်ယာဥ် ပစ်ခတ်တိုက်ခိုက်ခံရ၍မဆင်းနိုင်ဘဲပြန်သွား

မတ်လ ၃ ရက်ကလည်းချင်းပြည်နယ်ထန်တလန်မြို့တွင် စစ်တပ်က ရိက္ခာပို့​သော Mi-17 ရဟတ်ယာဥ်ကို ချင်းကာကွယ်​ရေးတပ်များက ​လေယာဥ်ဆင်းသက်စဥ်တိုက်ခိုက်ရာ​လေယာဥ်အစိတ်အပိုင်းအချို့မီး​လောင်ပြီး ချက်ချင်း​ထွက်ခွာသွားခဲ့သည်။

(ဒီး​မော့ဆို မြို့နယ် တစ်​နေရာတွင် မတ် ၁၆ ရက်က စစ်တပ်ရဟတ်ယာဥ်တစ်စီးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဒီး​မော့ဆို မြို့နယ် တစ်​နေရာတွင် မတ် ၁၆ ရက်က စစ်တပ်ရဟတ်ယာဥ်တစ်စီးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်တစ်စီး ပစ်ခတ်ခံတိုက်ခိုက်ရ​သော​ကြောင့်မဆင်းနိုင်ဘဲ ပြန်ထွက်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၁၆ ရက်) နေ့လည် ၁ နာရီ ခန့်က စစ် ကောင်စီရဟတ်ယာဥ်သည် ငွေ တောင်အခြေစိုက် ခမရ ၁၀၂ တပ်သို့ ဆင်းသက်ရန် ပြင်ဆင်နေစဥ် ပစ်ခတ်ခံရခြင်းဟု ကရင်နီ​တော်လှန်​ရေးအင်အားစုအချို့က​ပြောသည်။

“ ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ်လို့ ပြောတယ်။ထိခိုက်မှု အတိအကျတော့မသိရဘူး။ဒါပေမယ့် မိနစ် ၂၀ လောက်ထိ ၁၀၂ တပ်ပတ်ပတ်လည်မှာ ပဲ ပျံဝဲ ပြီး မဆင်းနိုင်ဘဲ ပြန်ထွက်သွားတယ်” ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရဟတ်ယာဥ်ပစ်ခတ်ခံရခြင်းကြောင့် ခမရ ၁၀၂ တပ်တွင်းမှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းနှင့် ကင်းထောက်ရဟတ်ယာဥ်တစ်စီးပါ စစ်ကောင်စီက အသုံးပြုလာသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

စစ်တပ်ရဟတ်ယာဥ်ကိုပစ်ခတ်တိုက်ခိုက်​သောအဖွဲ့နှင့် အပစ်ခံရ​သော ရဟတ်ယာဥ်အမျိုးအစား၊ထိခိုက်မှုရှိ၊မရှိတို့ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီ၏ ထိုးစစ် တွင် Mi35 Jet Fighter ဖြင့် ပစ်ခတ်မှု ၄၅ကြိမ်၊ ဟယ်လီ​ကော်ပတာဖြင့်ပျံသန်းပတ်ခတ်မှု ၁၂ကြိမ် နှင့် လက် နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၅၀၀ နှင့်အထက်ရှိသည်ဟုကရင်နီ​တော်လှန်​ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

မတ်လ ၁၀ ရက်နေ့ကစ၍ စစ်တပ်က ကရင်နီ(ကယား)ပြည်နယ်၊ဒီးမောဆိုအရှေ့ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခု ဖြင့် စတင်ထိုးစစ်ဆင်​နေသည်။

ထိုနေ့တွင်ပင် ဒေါသဲရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုကော်မတီKMIC ကထုတ်ပြန်ထားသည်။

မတ်လ ၃ ရက်ကလည်းချင်းပြည်နယ်ထန်တလန်မြို့တွင် စစ်တပ်က ရိက္ခာပို့​သော Mi-17 ရဟတ်ယာဥ်ကို ချင်းကာကွယ်​ရေးတပ်များက ​လေယာဥ်ဆင်းသက်စဥ်တိုက်ခိုက်ရာ​လေယာဥ်အစိတ်အပိုင်းအချို့မီး​လောင်ပြီး ချက်ချင်း​ထွက်ခွာသွားခဲ့သည်။

You May Also Like

သတင်း

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

သတင်း

မင်းတပ်မြို့သို့ ထွက်ခွာသွားသည့် ယာဉ်တန်းတွင် ၅စီးမှာ အမိုးမပါဘဲ ကျန်ကားများအားလုံး အမိုးအုပ်ထားကြောင်း ၊ ၁၀ဘီးယာဉ်များ ပါဝင်ပြီး ရေရှင်ကျေးရွာဇရပ်နား ရောက်နေပြီဖြစ် ကြောင်း အဆိုပါဒေသခံက ယနေ့ နေ့လည်ပိုင်းတွင် ပြောသည်။

သတင်း

မကွေးတိုင်း ပခုက္ကူမြို့မှထွက်လာသော စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်း အစီး (၈၀)ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ခန့်သည် မတ်လ ၁၂ရက် ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။