Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ
CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ ရဲဘော်နှစ်ဦး ဘုတလင်မြို့နယ်သို့ တာဝန်ဖြင့်ခရီးသွားနေစဉ် စစ်ကောင်စီ​၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း CNDFက အသိပေး ထုတ်ပြန်သည်။

CNDFမှ ရဲဘော် ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်နှင့် ရဲဘော် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်တို့သည် အမျိုးသားရေးနှင့်တော်လှန်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဘုတလင်မြို့တွင် မတ်လ ၁၅ရက်က ပိတ်ဆို့ဖမ်းဆီးပြီး သတ်ဖြတ်သွားခြင်းဟု ထုတ်ပြန်သည်။

CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ
CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ

” အမျိုးသားတော်လှန်ရေးအတွက် အသက်စတေးခဲ့သည့် ဆလိုင်းဟာခွီအွမ် (ခ)ဇာနည်အောင် (၂၀ နှစ်) နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန် (၂၁နှစ်)အား CNO/CNDF နှင့် ချင်းပြည်သူလူထုမှ အထူးလေးစားဂါရ၀ပြုအပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

ဆလိုင်းဟာခွီအွမ် (ခ) ဇာနည်အောင်နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်တို့၏ ပေးဆပ်မှုများနှင့် ယုံကြည်ချက်များကို ဘယ်သောအခါမှ မမေ့မလျော့ပဲ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်တော်လှန်ပြီး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု ကျဆုံးအာဇာနည်ရဲဘော်များ၏ အမည်ကို တိုင်တည်သစ္စာပြုအပ်ကြောင်း CNDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျဆုံးခဲ့သည့် ချင်းကာကွယ်ရေးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်ရရှ်ိခဲ့ပြီး မီးသင်္ဂြိုလ်ပြီးနောက် အရိုးပြာအိုးကို CNDF တပ်ရင်းဌာနချုပ် သို့ ပြန်လည်သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

You May Also Like

သတင်း

ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်း ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် ကူညီလှူဒါန်းပေးကြရန် MNPDF Myitngeက မေတ္တာရပ်ခံသည်။

သတင်း

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

သတင်း

မတ်လ ၁၂ ရက်က တပ်မ(၆၆)သည် စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကို ဖမ်းဆီးထား​ခဲ့ခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည်ယခုတိုက်ပွဲဖြစ်ပွားရာနယ်စပ်ဒေသရှိ ၎င်းတို့၏ တပ်စခန်းများသို့ရိက္ခာဖြည့်တင်းရန်ပြုလုပ်​သောအခါ ကရင်နီပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်နေ၍စစ်ကောင်စီတပ်အထိနာလျက်ရှိသည်။