Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် ဒုဌဝတီတော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံရ

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)
(မတ်လ ၁၅ ရက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေစဉ်။ ဓာတ်ပုံ - သပြေညိုသတင်းလွှာ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒုဌဝတီ တော်လှန်ရေးအင်အားစုမှ ရဲဘော်ငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေးအခြေစိုက် အဖွဲ့တစ်ဖွဲ့မှရဲဘော်တစ်ဦးက ပြောသည်။

မတ်လ ၁၄ ရက် ည ၉ နာရီခွဲ အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက Faw ကား ငါးစီးဖြင့်ရောက်ရှိလာကာ ဘုန်းကြီးကျောင်း အနီးရှိအိမ်များကို စစ်ဆေး၍ အိမ်ငှားနေသည့် မိသားစု ငါးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများသည် ဒုဌဝတီတော်လှန်ျရးအင်အားစုမှ ရဲဘော်များဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ယင်းအဖွဲ့၏ ဖေ့စ်ဘွတ်ခ်သို့ဆက်သွယ်ခြင်းမပြုရန် ၎င်းက သတိပေးသည်။

“ မဟာမိတ်တွေလည်း ဂရုစိုက်ကြပါ။ အခုရက်ပိုင်းတော်တော်များများပါနေလို့။ ပြည်သူတွေလည်း ဝိုင်းဝန်းကူညီပေးကြပါလို့တောင်းဆိုပါတယ်” ဟု အထက်ပါရဲဘော်က ပြောသည်။

ဒုဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးအခြေစိုက်အဖွဲ့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေသည့်အဖွဲ့ ဖြစ်သည်။

မတ်လ ၁၅ ရက်နံနက်တွင် မန္တလေးမြို့ရှိ နေရာငါးခု၌ အကြမ်းဖက်စစ်ကောင်စီများက စစ်ဆေးမှုများပြုလုပ်နေပြီး နေ့လည် ၁ နာရီခန့်တွင် မန္တလေး စာတိုက်ကြီးရှေ့၌ Faw ကား ရှစ်စီးတွေ့ရသလို ရွှေကျင်တိုးဂိတ်ဘက်သို့ စစ်ကောင်စီအင်အား ၆၀ ခန့်က Faw ကား ၄ စီး ၊ DC ၃ စီး ဖြင့် ထွက်ခွာသွားကြောင်း မန္တလေးမြေပြင်အခြေအနေများကို ဖော်ပြ‌ပေးနေသည့် သပြေညို သတင်းလွှာက အသိပေးထားသည်။

You May Also Like

သတင်း

"ထလရ(၁၆)ဂိတ်ပေါက်ကင်းကို လျက်ဆားကျွေးခဲ့တာပါ။အထိအခိုက်ရှိနိုင်ပေမယ့် Mission ပြီးတာနဲ့ လမ်းပိတ်ချလိုက်လို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။

သတင်း

ဖမ်းဆီးခံရသည့်အ​ခြေအ​နေကို​မေးမြန်းရန် People's Spring သတင်းဌာနကချင်ရိုးရာယဉ်ကျေးမှုရုံးသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

သတင်း

ဆရာတော်အရှင်အဂ္ဂဝံသသည် အကြမ်းဖက် စစ်ကောင်စီတပ်၏ အဓမ္မ ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လ ၁၁ရက်ထိ တိုင်အောင် အဆက်အသွယ်မရရှိသေးသည့် အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့်သတင်းများလည်း ကြားသိနေရကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျောက်မှော်ကျေးရွာအနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို မတ်လ ၉ရက် နံနက်အစောပိုင်းတွင် စီးနင်းတိုက်ခိုက်ပြီးနောက် နေအိမ် ၆၀၀ခန့်ရှိသော ကျောက်‌မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။