Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်ဒိုနီးရှား၊ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး မြန်မာ့အရေး ဆွေးနွေးအဖြေရှာမယ်လို့စင်ကာပူဝန်ကြီးချုပ်ဆို

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

ဓါတ်ပုံ- Kremlin.ru
ဓါတ်ပုံ- Kremlin.ru

အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာ့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးအဖြေရှာသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းကပြောပါတယ်။

စင်ကာပူကိုအလည်အပတ်ရောက်ရှိနေတဲ့အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မတ် ၁၆ ရက်မှာ ဝန်ကြီးချုပ်လီက အခုလို မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး နိုင်ငံရေး အရှုပ်အထွေးပေါင်းစုံ ကြုံတွေ့နေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အစီအမံနဲ့ ပတ်သက်လို့ အခြေအနေတွေ တိုးတက်မလာတဲ့အပေါ် သူရော၊ ဝီဒိုဒိုပါ စိတ်ပျက်မိတယ်လို့လည်း လီက ဝန်ခံပါတယ်။

စင်ကာပူ အနေနဲ့အင်ဒိုနီးရှားရော၊အာဆီယံအသိုက်အဝန်းအပြင် ကုလသမဂ္ဂလိုမျိုး လက်တွဲဖော် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး မြန်မာ့အရေး ဖြေရှင်းဖို့ ဘုံသဘောတူညီမှု ၅ ရပ်ကို အကောင်အထည် ဖော်နိုင်အောင် တွန်းအားပေးသွားမယ်လို့ လီက ဆိုပါတယ်။ ဒါပေမဲ့လည်း မြန်မာ စစ်ခေါင်းဆောင်တွေကတော့ အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် မြန်မာ တိတိကျကျ လိုက်နာရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိဘူးလို့ ပြောဆိုထားဖူးပါတယ်။

မြန်မာ ပါဝင်တဲ့ အာဆီယံ အဖွဲ့အစည်းမှာ လောလောဆယ် အင်ဒိုနီးရှားက အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမှုအတွင်း လီနဲ့ ဝီဒိုဒိုတို့ဟာ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့် သုံးစွဲရေး ကိစ္စအပါအဝင် တခြား ကဏ္ဍတွေ အတွက်ပါ ညှိနှိုင်း ဆွေးနွေးခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

ကိုးကား-ရိုက်တာ

You May Also Like

သတင်း

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ မတ်လ ၃ရက်မှ ၅ရက်အထိ ကျင်းပခဲ့သည့် APHR၏ နှစ်ပတ်လည်ဖိုရန်သို့ APHR ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ ဘေးစီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့သည်။

သတင်း

Justice For Myanmar သည် မြန်မာစစ်ကောင်စီအား ဖိတ်ကြားမှုကို ချက်ချင်းရပ်တန့်ရန်၊ နောင်အာဆီယံဒေသတွင်း ဖိုရမ်အလုပ်ရုံဆွေးနွေးပွဲများနှင့် ပွဲများအားလုံးကို ပိတ်ပင်ရန် တောင်း ဆိုထားသည်။

သတင်း

နိုင်ငံမှာ စီဒိုနားဟိုတယ်ကိုတည်ဆောက်ပြီးလုပ်ငန်း လည်ပတ်ခွင့် ရရှိထားပါတယ်။ အဲခုအဲဒီပရောဂျက်ထဲက မြှုပ်နှံမှု ရှယ်ယာ အားလုံးကို အမေရိကန်ဒေါ်လာ ၅၇.၄ သန်းနဲ့ Spring Blossom Venturesကုမ္ပဏီကိုလက်လွှဲ ရောင်းချဖို့ Keppel Landက ဆုံးဖြတ်ခဲ့တာပါ။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor၊ အမေရိကန်ရေနံကုမ္ပဏီစွမ်းအင်ကုမ္ပဏီ Chevron ၊ ပြင်သစ်​ရေနံကုမ္ပဏီ Total၊ ဩစတြေးလျရေနံကုမ္ပဏီ Woodside စသည့် ကမ္ဘာကျော်ကုမ္ပဏီများ ပြည်တွင်းမှဆက်တိုက်ထွက်ခွာခဲ့သည်။