Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံမြို့နယ်တိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရဟု KNDF ပြော

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများတွင် (၆၀)မမ ကဲ့သို့ လက်နက်ကြီးတစ်ခုပါဝင်ပြီး ၎င်းကျည်များ၊ နင်းမိုင်းများ အပါအဝင် အခြားလက်နက်ကျည်အချို့ ပါရှိသည်ဟု သိရသည်။

(ယမန်နေ့က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအား နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ယမန်နေ့က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအား နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

ဖယ်ခုံမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ ရုပ်အလောင်း ၂၀ ကျော်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(မတ်လ ၁၆ရက်)က ဖယ်ခုံမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများအား နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်သားအလောင်းများနှင့် လက်နက်ခဲယမ်းများကို ရရှိခဲ့ခြင်းဟု ဆိုသည်။

“ ခေါင်းအိကျေးရွာ ဘက်မှာပေါ့။ တိုက်ပွဲက တစ်ပတ်လောက်ကြာတယ်။စစ်ကောင်စီအလောင်းတွေဆိုတာ မြင်မကောင်းဘူး။ဘယ်လိုမှ ကိုင် တွယ်မရတဲ့ ရုပ်အလောင်းတွေတော့ သဂြိုလ်ပေးလို့ အဆင်မပြေလို့ ဒီအတိုင်းထားခဲ့ရတယ်။အလောင်းနှစ်လောင်းကိုတော့ ကျွန်တော်တို့ ရဲဘော်တွေ မြှုပ်နှံပေးခဲ့တယ်” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(ယမန်နေ့က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအား နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(ယမန်နေ့က ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအား နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CJ)

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများတွင် (၆၀)မမ ကဲ့သို့ လက်နက်ကြီးတစ်ခုပါဝင်ပြီး ၎င်းကျည်များ၊ နင်းမိုင်းများ အပါအဝင် အခြားလက်နက်ကျည်အချို့ ပါရှိသည်ဟု သိရသည်။

အဆိုပါ ခေါင်းအိကျေးရွာအုပ်စု တိုက်ပွဲတွင် ဖယ်ခုံ PDF၊KNDF၊ KA၊ DMO – Local PDF၊ PDF မိုးဗြဲ (1001)၊ 1004၊ 1008၊1005၊ SSNRUတို့ပါဝင်တိုက်ခိုက်ခဲ့သည်။

ယခုလ ၁၁ ရက်ကလည်း ဖယ်ခုံမြို့နယ် ကုရင် ကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံးနေသော အလောင်း ၁၉လောင်းနှင့် MA-3 (၂)လက် ၊ MA-2 (၁)လက် ၊ MA-1 (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ RPG (၂)လက်နှင့် ခဲယမ်းများ ၊ အသုံးဆောင်များကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းရခဲ့သည်။

You May Also Like

သတင်း

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် - မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

သတင်း

မတ်လ ၁၂ရက် နံနက်မှာ နဂါးစေတီတောင်သို့ စစ်ကောင်စီတပ် ပြန်ဆုတ်ခွာသွားရာ နေ့လည်ပိုင်း၌ KNDF နှင့် ပအိုဝ်းတပ် PNDF အပါအဝင် ကာကွယ်ရေးတပ်များ ရွာအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။

သတင်း

မတ်လ ၁၅ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ကမ်းဘေးရှိကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည်။