Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ထုမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ၍ (၁၈)မိုင်သာဝေးသည့် မင်းတပ်သို့ တစ်ရက်ကြာသည်အထိ မရောက်သေး

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် – မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)
(မင်းတပ်မြို့သို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat)

▪️စစ်ကောင်စီတပ်ယာဉ်ထိခိုက်မှုနှင့် လူသေဆုံးထိခိုက်ရှိနိုင်ဟု ပြော

မကွေးတိုင်း ကျောက်ထုဒေသမှ ယမန်နေ့ နေ့လည်ပိုင်းက ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းမှာ ယနေ့နေ့လည်ပိုင်းအထိ မင်းတပ်မြို့သို့ မရောက်သေးကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ပခုက္ကူမြို့မှ ယာဉ်အစီး ၈၀ကျော်နှင့် ထွက်ခွာလာသည့် စစ်ယာဉ်တန်းသည် မတ်လ ၁၂ရက်တွင် ဆောမြို့နယ်သို့ရောက်ရှိပြီး မတ်လ ၁၆ရက်တွင် ယာဉ်အစီး ၄၀ခန့်သည် မင်းတပ်သို့ သွားရောက်ရာ လမ်းခရီး၌ ယောဒေသကာကွယ်ရေးတပ်၊ ချင်းဒေသကာကွယ်ရေးတပ်များ၏ ကြားဖြတ် တိုက်ခိုက်မှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ လောလောဆယ်က ယာဉ်တန်းက မနေ့က ထွက် တာ။ ပုံမှန်က ကျောက်ထုနဲ့ မင်းတပ်က ၁၈မိုင်ပဲဝေးတာလေ။ ဆိုတော့ တစ်ည လမ်းမှာ အိပ်ရတယ်ဆိုကတည်းက ထိခိုက်တွေ တော်တော်များတယ်ပေါ့။ ကားတော်တော်များများ အထိအခိုက်ရှိနိုင်တယ်။ ကားထဲမှာလည်း စကစတွေပါလာတယ်ဆိုတော့ သူတို့လည်း အထိအခိုက်ရှိမှာပဲ” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီယာဉ်တန်း မင်းတပ်သို့ ရောက်လာပြီး မတူပီ ဘက်ဆက်ထွက်ပါကလည်း တိုက်ပွဲပြင်းထန်မည်ဟု ၎င်းက အသိပေးသည်။

စစ်ယာဉ်တန်းများ ချင်းတောင်သို့ ဦးတည်လာ၍ မင်းတပ် CDFနှင့် မတူပီ CDFတို့က အသိပေး ကြေညာချက် ထုတ်ပြန်ထားရာ လတ်တလောတွင် မင်းတပ် – မတူပီလမ်းကို ပြည်သူများ အသုံးမပြုရန် အသိပေးထားသည်။

ကျောက်ထုမှ မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် လမ်းဘေးဝဲယာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်လာကြောင်းလည်း မင်းတပ်ဒေသခံက ယမန်နေ့တွင် ပြောကြားထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ပခုက္ကူမှ ထွက်ခွာလာရာ ဆောမြို့နယ်သို့အရောက်တွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျောက်ထု PDFက ထုတ်ပြန်ထားသည်။

ပခုက္ကူမြို့မှ လာသည့် ယာဉ်အစီးရေ၈၀ကျော်အနက် ယာဉ် ၃၀ကျော်သည် ထီးလင်းမြို့ဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ယာဉ်တန်းထွက်ခွာလာရာ လမ်းတလျှောက်တွင်လည်း မြေပြင်စစ်ကြောင်းများ အင်အားအလုံးအရင်းအသုံးပြုပြီး လှုပ်ရှားလျက်ရှိရာ ဆောနယ်ဒေသခံများ စစ်ကောင်စီရန်ကြောင့် တိမ်းရှောင်နေကြရသည်။

You May Also Like

သတင်း

စစ်တပ်စခန်းအတွင်းခလရ(၁၃၅)ရုပ်အလောင်း၃လောင်းတွေ့ရှိပြီး လက်နက်မျိုးစုံ (၆)လက်၊ ခဲယမ်းများ၊ ဆက်သွယ်ရေးစက်ကြီးတစ်လုံး သိမ်း ဆည်းရမိခဲ့ပြီး ကျန်စခန်းထိုင် တပ်သားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း ဖော်ပြထားသည်။

သတင်း

သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများတွင် (၆၀)မမ ကဲ့သို့ လက်နက်ကြီးတစ်ခုပါဝင်ပြီး ၎င်းကျည်များ၊ နင်းမိုင်းများ အပါအဝင် အခြားလက်နက်ကျည်အချို့ ပါရှိသည်ဟု သိရသည်။

သတင်း

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံရခြင်းဟု မင်းကင်းမြို့ခံများက ပြောသည်။

သတင်း

စစ်​ကောင်စီစစ်ကြောင်းသည် ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်နှစ်လုံးနှင့် ဆိုင်ကယ်များအပါအဝင်ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့၍ ဒေသတွင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။